အားလုံးမင်္ဂလာပါ။ တစ်နေ့တာရဲ့အစပျိုးချိန်ဖြစ်တဲ့ မနက်စာကို မဖြစ်မနေ စားသုံးသင့်တယ်ဆိုတာကို MyFood Myanmar မှာ ဖော်ပြပေးပြီးခဲ့ပါပြီနော်။

တစ်နေ့တာလုံး လှုပ်ရှားသွားလာနိုင်ဖို့အတွက် မနက်စာကို စားသုံးတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်တူချင်မှတူနိုင်မှာပါ။ ထမင်းစားမှ ဗိုက်ပြည့်တယ်လို့ ခံယူထားကြသူများအတွက် ထမင်းကြော်နည်းကောင်းကောင်း ချက်နည်းလေးကို ပြောပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ – ၂ လုံး
  • ဆီ၊ ဆား
  • ထမင်း (ချက်ပြီးသား) – ၁ ပန်းကန်
  • ပဲငံပြာရည် – စားပွဲတင်ဇွန်း တစ်ဝက်
  • ကြက်သွန်မြိတ် (ပါးပါးလှီးပြီးသား) – စားပွဲတင်ဇွန်း ၂ ဇွန်း

ပြင်ဆင်ချက်ပြုတ်ပုံ

၁။ ကြက်ဥတွေကို ပန်းကန်လုံးတစ်ခုထဲမှာ သေချာခေါက်ပေးပါ။

၂။ လက်ကိုင်တပ်ဒယ်အိုးပြားကို မီးပြင်းပြင်းမှာ အပူပေးကာ ဆီနည်းနည်းထည့်လိုက်ပါ။ ဆီပူလာပြီဆိုရင် မီးကိုအနေတော်လျှော့ချလိုက်ပြီး ခေါက်ပြီးသား ကြက်ဥတွေကို လောင်းထည့်လိုက်ပါ။ ကြက်ဥတွေကျက်လာပြီဆိုရင် တစ်စစီဖြစ်သွားအောင် မွှေပေးလိုက်ပါ။

၃။ ကြက်ဥတွေ ၇၀-၈၀ ရာခိုင်နှုန်းလောက်ကျက်သွားပြီဆိုရင် ထမင်းတွေထည့်လိုက်ပြီး သေချာမွှေပေးပါ။ ပြီးရင် ပဲငံပြာရည်ထည့်ပေးကာ ကျန်ရှိနေသေးတဲ့ ပါဝင်ပစ္စည်းတွေပါ ရောထည့်လိုက်ပါ။


အားလုံးသေချာကျက်သွားပြီဆိုရင်တော့ ပူပူလေး သုံးဆောင်နိုင်ပါပြီ။

Source: mykoreankitchen.com