အားလုံးပဲ မင်္ဂလာပါ။ မနက်စာကို အာဟာရပြည့်ဝစွာ စားသုံးချင်သူများအတွက် ကြက်ဥမွှေကြော် အစာသွပ် ပေါင်မုန့် ပြုလုပ်နည်းကို ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • Croissants ခေါ် ခရုပတ်ပေါင်မုန့် ၄ ခု
  • ကြက်ဥ ၆ လုံး
  • နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပင်လယ်ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)

  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ခရမ်းချဉ်သီး အလုံးသေး ၁၀ လုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို မီးအပူချိန် အနိမ့်ဆုံးထားပြီးနောက် ခရုပတ်ပေါင်မုန့်များကို နွေးသွားအောင် Oven ထဲ အပူပေးထားလိုက်ပါ။

၂။ ကြက်ဥများကို မွှေခလောက်ပြီးနောက် နွားနို့၊ ဆားနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ ၁ မိနစ်ခန့် ထပ်မံမွှေခလောက်ပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ထောပတ်ထည့်ကာ ထောပတ်များ အရည်ပျော်အောင် အပူပေးပါ။ ထောပတ်များ အရည်ပျော်သွားပါက ကြက်ဥများကို အိုးထဲထည့်ကာ စက္ကန့် ၃၀၊ စက္ကန့် ၄၀ ခန့် အပူပေးပါ။ ပြီးရင်တော့ ဟင်းချက်ဇွန်းဖြင့် ကြက်ဥကို မွှေကြော်ပေးရပါမယ်။

၄။ ထိုကဲ့သို့ ကြက်ဥမွှေကြော်ခြင်းကို ၁ မိနစ်မှ ၂ မိနစ်ခန့် ပြုလုပ်ပေးရပါမယ်။ ပြီးရင်တော့ ရရှိလာတဲ့ ကြက်ဥကြော်ကို ပန်းကန်ထဲသို့ ပြောင်းထည့်လိုက်ပါ။

၅။ ကြက်ဥ ကြော်ပြီးပါက ခရုပတ်ပေါင်မုန့်များကို Oven ထဲကထုတ်ပြီးနောက် ထက်ခြမ်း ခြမ်းလိုက်ပါ။

၆။ ထို့နောက် ကြက်ဥမွှေကြော်များကို ပေါင်မုန့်ကြားထဲ ထည့်ညှပ်လိုက်ပါ။

၇။ ခရမ်းချဉ်သီး အနည်းငယ်ဖြင့် အလှဆင်ပါ။ ဆား အနည်းငယ် ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အာဟာရပြည့်ဝတဲ့ ကြက်ဥမွှေကြော်ညှပ်ထားတဲ့ ပေါင်မုန့်လေးကို မနက်စာအဖြစ် စားသုံးနိုင်ပါပြီ။

Source: Thespruceeats.com