ပါဝင်ပစ္စည်းများ
- ပန်းဂေါ်ဖီစိမ်း – ၁ ပွင့်
- ကြက်သွန်နီ – ၁ လုံး
- နာနတ်သီး – ၁ စိတ်
- ဒိန်ချဉ် – ၂ ဇွန်း
- မရောနိစ့် – ၁ ဇွန်း
- ဘေကွန် – ၁၀၀ ဂရမ်
- ရော့ကတ်ဆလတ်ရွက် – အနည်းငယ်
ပြုလုပ်နည်း
- ပန်းဂေါ်ဖီစိမ်းနှင့် ကြက်သွန်နီကို နုတ်နုတ်စဉ်းပြီး ဆားရည်စိမ်ပါ။ နာနာသီးကိုအခွံနွာပြီး အတုံးလှီး၍ အအေးခံထားပါ။
- ဆားရည်စိမ်ထားသော ပန်းဂေါ်ဖီစိမ်းကို ရေနွေးနှင့် (၁) မိနစ်ခန်းပြုတ်ပြီး ရေခဲရေဖြင့် အအေးခံထားပါ။ ဒိန်ချဉ်၊ မရောနိစ့်၊ ပန်းသီးရှာလကာရည်၊ ငရုတ်ကောင်းမှုန့်၊ ဆားအနည်းငယ်တို့ဖြင့် ဒိန်ချဉ်ဆော့စ်ပြုလုပ်ပါ။
- အအေးခံထားသော ပန်းဂေါ်ဖီစိမ်း၊ နာနတ်သီးတို့ကို ဒိန်ချဉ်ဆော့စ်နှင့် ရောသုပ်ပြီး ရေခဲသေတ္တာထဲတွင် အအေးခံထားပါ။
- ဘေကွန်ကို ဒယ်အိုးထဲသို့ထည့်၍ အကျွတ်ကြော်ပါ။
- အအေးခံထားသော ပန်းဂေါ်ဖီစိမ်း၊ နာနတ်သီးသုပ်ကို ဆလတ်ရွက်၊ ဘေကွန်နှင့်တွဲ၍ သုံးဆောင်နိုပ်သည်။