ပါဝင်ပစ္စည်းများ

  • ပန်းဂေါ်ဖီစိမ်း – ၁ ပွင့်
  • ကြက်သွန်နီ – ၁ လုံး
  • နာနတ်သီး – ၁ စိတ်
  • ဒိန်ချဉ် – ၂ ဇွန်း
  • မရောနိစ့် – ၁ ဇွန်း
  • ဘေကွန် – ၁၀၀ ဂရမ်
  • ရော့ကတ်ဆလတ်ရွက် – အနည်းငယ်

ပြုလုပ်နည်း

  1. ပန်းဂေါ်ဖီစိမ်းနှင့် ကြက်သွန်နီကို နုတ်နုတ်စဉ်းပြီး ဆားရည်စိမ်ပါ။ နာနာသီးကိုအခွံနွာပြီး အတုံးလှီး၍ အအေးခံထားပါ။
  2. ဆားရည်စိမ်ထားသော ပန်းဂေါ်ဖီစိမ်းကို ရေနွေးနှင့် (၁) မိနစ်ခန်းပြုတ်ပြီး ရေခဲရေဖြင့် အအေးခံထားပါ။ ဒိန်ချဉ်၊ မရောနိစ့်၊ ပန်းသီးရှာလကာရည်၊ ငရုတ်ကောင်းမှုန့်၊ ဆားအနည်းငယ်တို့ဖြင့် ဒိန်ချဉ်ဆော့စ်ပြုလုပ်ပါ။
  3. အအေးခံထားသော ပန်းဂေါ်ဖီစိမ်း၊ နာနတ်သီးတို့ကို ဒိန်ချဉ်ဆော့စ်နှင့် ရောသုပ်ပြီး ရေခဲသေတ္တာထဲတွင် အအေးခံထားပါ။
  4. ဘေကွန်ကို ဒယ်အိုးထဲသို့ထည့်၍ အကျွတ်ကြော်ပါ။
  5. အအေးခံထားသော ပန်းဂေါ်ဖီစိမ်း၊ နာနတ်သီးသုပ်ကို ဆလတ်ရွက်၊ ဘေကွန်နှင့်တွဲ၍ သုံးဆောင်နိုပ်သည်။