ချိတ်ဆိုးထမင်းဟာ တောင်ငူမြို့ ၏ နာမည်ကျော် ဒေသ အစားအစာတမျိုးဖြစ်ပါသည်။ ချိတ်က ဇီးပင်ရဲ့ အစေးပါ။ သစ်ခေါက်ရဲ့ အစေးတမျိုး အရောင်ပါ ။ အနည်းငယ်ချဉ်တဲ့ အရသာရှိပါတယ်။
I. ချိတ်ဆိုးထမင်း
ပါဝင်ပစ္စည်း
- ချိတ်
- ဆန်
ပြုလုပ်နည်း
- ချိတ်ကို ထမင်းချက်ရင် ထဲ့ချက်ရပါတယ်
- ချိတ်အရသာက အနဲငယ်ချဉ်တဲ့ အရသာပါ။ ဆိမ့်ချင်ရင် လျှော့ထဲ့ရပါတယ်
II. ချိတ်ဆိုးထမင်း နှင့် တို့ဟူးသုတ်
ပါဝင်ပစ္စည်း
- ချိတ်ဆိုးထမင်း
- တို့ဟူး
- ငံပြာရည်
- ဆား
- ကြက်သွန်ဖြူဆီချက်
- ငရုတ်ခြောက်ကြော်
ပြုလုပ်နည်း
- ချိတ်ထမင်းကို တို့ဟူး အနည်းငယ်၊ ငံပြာရည်၊ ဆား၊ ကြက်သွန်ဖြူဆီချက် တို့ဖြင့် သုတ်စားပါတယ်။
- ငရုတ်ခြောက်ကြော် နှင့်တွဲစားနိုင်ပါသည်။
Credit: Eric Moon