ချိတ်ဆိုးထမင်းဟာ တောင်ငူမြို့ ၏ နာမည်ကျော် ဒေသ အစားအစာတမျိုးဖြစ်ပါသည်။ ချိတ်က ဇီးပင်ရဲ့ အစေးပါ။ သစ်ခေါက်ရဲ့ အစေးတမျိုး အရောင်ပါ  ။ အနည်းငယ်ချဉ်တဲ့ အရသာရှိပါတယ်။

I. ချိတ်ဆိုးထမင်း

ပါဝင်ပစ္စည်း

  • ချိတ်
  • ဆန်

ပြုလုပ်နည်း

  • ချိတ်ကို ထမင်းချက်ရင် ထဲ့ချက်ရပါတယ်
  • ချိတ်အရသာက အနဲငယ်ချဉ်တဲ့ အရသာပါ။ ဆိမ့်ချင်ရင် လျှော့ထဲ့ရပါတယ်

II. ချိတ်ဆိုးထမင်း နှင့် တို့ဟူးသုတ်

ပါဝင်ပစ္စည်း

  • ချိတ်ဆိုးထမင်း
  • တို့ဟူး
  • ငံပြာရည်
  • ဆား
  • ကြက်သွန်ဖြူဆီချက်
  • ငရုတ်ခြောက်ကြော်

ပြုလုပ်နည်း

  • ချိတ်ထမင်းကို တို့ဟူး အနည်းငယ်၊ ငံပြာရည်၊ ဆား၊ ကြက်သွန်ဖြူဆီချက် တို့ဖြင့် သုတ်စားပါတယ်။
  • ငရုတ်ခြောက်ကြော် နှင့်တွဲစားနိုင်ပါသည်။

Credit: Eric Moon