နေ့ခင်း နေ့လည် ထမင်းစားပြီးတဲ့အခါ အချိုပွဲ တစ်ခုခုကို မတောင့်တမိကြဘူးလား။ ထမင်းစားပြီးတိုင်း အချိုပွဲ သုံးဆောင်ချင်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ပြုလုပ်ရလွယ်ကူတဲ့ ငှက်ပျောသီးမုန့် အချိုပွဲ ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီး ၃ လုံး
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေခဲမုန့် အနည်းငယ်
  • ပျားရည် နှင့် ချောကလက်ရည် စားပွဲတင်ဇွန်း ၂ ဇွန်းစီ

ပြုလုပ်နည်းအဆင့်ဆင့်

ငှက်ပျောသီး ကို အခွံခွာထားပါ။ ဒယ်အိုးကို အပူပေးပြီးနောက် ထောပတ်တုံးထည့်ကာ အရည်ဖျော်လိုက်ပါ။ ထောပတ်ရည်များ ရွှေရောင်ပြောင်းလာသည်အထိ မွှေပေးရပါမယ်။

ထို့နောက် သကြားညိုထည့်ကာ သကြားအရည်ပျော်သည်အထိ မွှေပေးလိုက်ပါ။

ပြီးမှ ငှက်ပျောသီးတုံးထည့်ပြီး ကြော်ပေးလိုက်ပါ။ ငှက်ပျောသီးအောက်ခြေက ထောပတ် သကြားရည်များ စိမ့်ဝင်သွားပါက ကျန်တစ်ဖက်ခြမ်းကို ဖြည်းညှင်းစွာ လှန်ပေးလိုက်ပါ။

နှစ်ခြမ်းစလုံးကြော်ပြီးပါက ပန်းကန်ပြားထဲထည့်ပြီး ငှက်ပျောတုံး ၁ တုံးကို ၃ ပိုင်း အညီအမျှပိုင်းပေးလိုက်ပါ။ ထိုငှက်ပျောတုံးပေါ်သို့ ရေခဲမုန့်များ အညီအမျှခွဲတင်ထားလိုက်ပါ။ ထို့နောက် ပျားရည်များ ဆမ်းချလိုက်ပါ။

ပျားရည်ဆမ်းချပြီးမှ ချောကလက်ရည်များ ဆမ်းချလိုက်ပါ။

ဒါဆိုရင်တော့ အင်မတန်အရသာရှိတဲ့ ချောကလက် ငှက်ပျောသီးအချိုပွဲကို သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: couponclippingcook.com