Cheese Cake ကြိုက်တဲ့သူတွေနဲ့ ချောကလက်ကြိုက်တဲ့သူတွေအတွက် အရသာရှိတဲ့ Brownie Cheese Cake လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

Cake လုပ်မယ်ဆိုရင် Pan လေးတစ်ခုတော့ လိုပါတယ်။ အဲ့ဒီ Pan ထဲကို ဆီစုပ်စက္ကူခင်းလိုက်ပါ။ ပြီးရင် စက္ကူမှာ ထောပတ်အရည်တွေကို Brush နဲ့ယူပြီး နည်းနည်းသုတ်ပေးပါ။

Dark Chocolate – ၁၆၀ ဂရမ်ကို သေးသေးလေးတွေလှီးပြီး ပန်းကန်ထဲထည့်ပါ။ ထောပတ်အတုံး – ၁၃၀ ဂရမ်ကိုလည်း ပန်းကန်ထဲထည့်ပါ။ ပြီးတာနဲ့ အိုးထဲထည့်ပြီး အရည်ပျော်သွားအောင် ကြော်ပေးပါ။

ပန်းကန်လုံးထဲကို သကြား – ၁၈၀ ဂရမ်၊ သကြားညို – ၁၀၀ ဂရမ်၊ ကော်ဖီမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်ဥ – ၃ လုံးထည့်ပြီး မွှေစက်နဲ့ ခရင်မ်လိုဖြစ်သွားတဲ့အထိ မွှေပေးပါ။

ခရင်မ်လိုဖြစ်သွားရင် ပထမဆုံးအရည်ပျော်အောင်လုပ်ထားတဲ့ ချောကလက်အရည်တွေနဲ့ သွားရောပြီး မွှေစက်နဲ့ ထပ်မွှေပေးပါ။

မွှေပြီးရင် ဂျုံမှုန့် – ၈၀ ဂရမ်နဲ့ Cocoa Powder အမှုန့် – ၃၀ ဂရမ် ထည့်ပြီး သမအောင်နယ်ပေးပါ။

ပန်းကန်ထဲကို ခရင်မ်ချိစ် – ၃၀၀ ဂရမ်ထည့်ပြီး သကြား – ၆၀ ဂရမ်နဲ့ Vanilla Paste – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး သမအောင်နယ်ပေးပါ။ ကြက်ဥ – ၁ လုံး ဖောက်ထည့်ပြီး သမအောင် မွှေပေးပါ။

နယ်ထားတဲ့ ချောကလက် Paste တွေကို စားပွဲတင်ဇွန်း ၄ ဇွန်းစာလောက်ချန်ပြီး ကျန်တာအကုန် Pan ထဲထည့်လိုက်ပါ။

အပေါ်ကနေ မွှေထားတဲ့ ခရင်မ်ချိစ်တွေ ထည့်ပါ။

ခုနကချန်ထားတဲ့ ချောကလက် Paste တွေကို အပေါ်ကနေတင်ပြီး ဓားလေးနဲ့ ကိုယ့်စိတ်ကြိုက် မွှေလိုက်ပါ။

အားလုံးပြီးရင် မုန့်ဖုတ်စက်ထဲမှာ ၃၂၀ ဒီဂရီဖာရင်ဟိုက်နဲ့ မိနစ် ၄၀ ကြာအောင် ထည့်ထားလိုက်ပါ။ ရပြီဆိုရင် အပြင်ထုတ်ပြီး ၁၅ မိနစ်လောက် အအေးခံထားလိုက်ပါ။

အေးသွားပြီဆိုရင် ဓားနဲ့လှီးပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ Brownie Cheese Cake ကို ရရှိသွားပါပြီ။

Source: www.how tasty.com