အားလုံးပဲ မင်္ဂလာပါ။ ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူများအတွက်ရော ချဉ်စပ်ဟင်းရည်စပ်စပ်လေး ကြိုက်နှစ်သက်သူများအတွက်ပါ လျှာလည်သွားစေမယ့် ဝက်သား ကင်ချီချဉ်စပ်ဟင်းရည် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကင်ချီ ပန်းကန်လုံး ၂ လုံးစာ
 - ဝက်အူချောင်း ၂ ချောင်း
 - ဝက်သားပြား ၃ ပြား
 - Spam ဝက်သား စည်သွပ်ဘူး တစ်ဘူး၏ သုံးပုံ ၁ ပုံ
 - တို့ဟူး ၄ အောင်စ (လက်မဝက်အထူ လှီးဖြတ်ထားပါ)
 
- မှိုပွင့် ၄ ပွင့် (ပါးပါးလှီးထားပါ)
 - ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
 - ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
 - ငရုတ်ပွအနီ တစ်ခြမ်း (၂ လက်မအရှည်ခန့် လှီးဖြတ်ထားပါ)
 - ကြက်ပြုတ်ရည် (သို့) အမဲပြုတ်ရည်
 
ဟင်းခပ်အမွှေးအကြိုင်များ
- ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ငရုတ်သီးနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
 - ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
 - ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
 - ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
 - ငရုတ်ကောင်းမှုန့် အနည်းငယ်
 
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဝက်အူချောင်း၊ ဝက်သားပြားနှင့် Spam စည်သွပ်ဘူး ဝက်သားတို့ကို တစ်ကိုက်စာအရွယ်အစားခန့် လှီးဖြတ်ထားပါ။
၂။ ဒယ်အိုးထဲသို့ ကြက်ပြုတ်ရည်ထည့်ပါ။ ကင်ချီ၊ ဝက်အူချောင်း၊ ဝက်သားပြား၊ တို့ဟူး၊ ကြက်သွန်နီ၊ မှို၊ ကြက်သွန်မြိတ်၊ ငရုတ်ပွ၊ ငရုတ်သီးမှုန့်၊ ငရုတ်နှစ်၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူ၊ ရေနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အဖုံးအုပ်ပြီး အလယ်အလတ်မီးအပူချိန်ဖြင့် တည်ထားလိုက်ပါ။
၃။ ဟင်းရည်က ပွက်ပွက်ဆူလာပြီးနောက် အသားများလည်း ကျက်သွားပြီဆိုရင်တော့ အရသာအပေါ့အငန် မြည်းကြည့်ကာ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။
ဒါဆိုရင်တော့ ဝက်သား ကင်ချီချဉ်စပ်ဟင်းရည်လေး ရရှိသွားပါပြီ။
Source: Koreanbapsang.com
											
				
									


