ပရိုတင်းဓာတ် ကြွယ်ဝတဲ့အမဲသားဟင်းကို ဒီတစ်ခါမှာတော့ ဖိလစ်ပိုင်ရိုးရာ ချက်နည်းဖြင့် ဘယ်လိုချက်ပြုတ်နိုင်မလဲဆိုတာကို MyFood Myanmar ရဲ့ အစားအသောက်ချစ်သူတို့အတွက် ဝေမျှပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- အမဲသားနှင့် အမဲနံရိုး ၈၀၀ ဂရမ်
- နှစ်လက်မအရှည် ဂျင်းတုံး ၁ တုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)
- ကြက်သွန်နီ အလုံးကြီး ၁ ဥ (ပါးပါးလှီးထားပါ)
- မြေပဲ ၁၀၀ ဂရမ် (ထောင်းထားပါ)
- နနွင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
- ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
- ရေ ၂ လီတာ
- ဆား အနည်းငယ်
- ငရုတ်သီး ၂ တောင့်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အမဲသားနှင့် အမဲနံရိုးများကို အနေတော် လှီးဖြတ်ထားပါ။ အိုးတစ်လုံးကို အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးပြီးနောက် အမဲသား၊ ဂျင်းနှင့် ရေတို့ထည့်ကာ ၁ နာရီ၊ ၁ နာရီခွဲခန့် ပြုတ်ပါ။
၂။ အမဲသားတုံးများ နူးအိသွားတဲ့အခါမှာတော့ ကြက်သွန်နီ၊ နနွင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း၊ မြေပဲနှင့် ငရုတ်သီးတောင့်၊ ဆားတို့ထည့်ကာ သမအောင် ရောမွှေပါ။ ထို့နောက် ၅ မိနစ်ခန့် တည်ထားလိုက်ပါ။
၃။ (၅) မိနစ်ခန့်ကြာလို့ အရည်ပျစ်သွားတဲ့အခါမှာတော့ မီးပိတ်လိုက်လို့ရပါပြီ။
ဒါဆိုရင်တော့ ဖိလစ်ပိုင်ရိုးရာ အမဲသားစတူး ပူပူလေး ရရှိသွားပါပြီ။
ထမင်းပူပူလေးနဲ့ တွဲဖက်စားသုံးနိုင်သလို အာလူးပြုတ်၊ အာလူးထောင်း၊ အာလူးမီးဖုတ်တို့နဲ့လည်း တွဲဖက်စားသုံးနိုင်ပါသေးတယ်။
Source: Asianfoodnetwork.com