ပရိုတင်းဓာတ် ကြွယ်ဝတဲ့အမဲသားဟင်းကို ဒီတစ်ခါမှာတော့ ဖိလစ်ပိုင်ရိုးရာ ချက်နည်းဖြင့် ဘယ်လိုချက်ပြုတ်နိုင်မလဲဆိုတာကို MyFood Myanmar ရဲ့ အစားအသောက်ချစ်သူတို့အတွက် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသားနှင့် အမဲနံရိုး ၈၀၀ ဂရမ်
  • နှစ်လက်မအရှည် ဂျင်းတုံး ၁ တုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ အလုံးကြီး ၁ ဥ (ပါးပါးလှီးထားပါ)
  • မြေပဲ ၁၀၀ ဂရမ် (ထောင်းထားပါ)
  • နနွင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ ၂ လီတာ
  • ဆား အနည်းငယ်
  • ငရုတ်သီး ၂ တောင့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားနှင့် အမဲနံရိုးများကို အနေတော် လှီးဖြတ်ထားပါ။ အိုးတစ်လုံးကို အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးပြီးနောက် အမဲသား၊ ဂျင်းနှင့် ရေတို့ထည့်ကာ ၁ နာရီ၊ ၁ နာရီခွဲခန့် ပြုတ်ပါ။

၂။ အမဲသားတုံးများ နူးအိသွားတဲ့အခါမှာတော့ ကြက်သွန်နီ၊ နနွင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း၊ မြေပဲနှင့် ငရုတ်သီးတောင့်၊ ဆားတို့ထည့်ကာ သမအောင် ရောမွှေပါ။ ထို့နောက် ၅ မိနစ်ခန့် တည်ထားလိုက်ပါ။

၃။ (၅) မိနစ်ခန့်ကြာလို့ အရည်ပျစ်သွားတဲ့အခါမှာတော့ မီးပိတ်လိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ ဖိလစ်ပိုင်ရိုးရာ အမဲသားစတူး ပူပူလေး ရရှိသွားပါပြီ။

ထမင်းပူပူလေးနဲ့ တွဲဖက်စားသုံးနိုင်သလို အာလူးပြုတ်၊ အာလူးထောင်း၊ အာလူးမီးဖုတ်တို့နဲ့လည်း တွဲဖက်စားသုံးနိုင်ပါသေးတယ်။

Source: Asianfoodnetwork.com