“ရိုးရှင်းသောဟင်းချက်နည်း”ဆိုရုံဖြင့် သင့်အနေနဲ့ အရသာဖွယ်တယ်တယ်ဖြစ်နေတဲ့ဟင်းတစ်ခွက်၊ စိတ်ပျက်စရာ ဟင်းတစ်ခွက်လို့ ထင်မှတ်မနေသင့်ပါဘူး။ ယနေ့ခေတ်အသုံးပြုနေတဲ့ ကြက်ကင်ပြုလုပ်နည်းတွေကတော့ ရိုးရှင်းနေပေမဲ့  အရသာကတော့ ကြွပ်ကြွပ်ရွရွ၊ အရည်ရွှမ်းရွှမ်း သွားရည်ယိုစရာ စတဲ့ရလဒ်တွေပဲ ထူးမခြားနားခံစားနေမိမှာပါပဲ။

တကယ့်လက်တွေ့ဘ၀မှာတော့ ကောင်းမွန်တဲ့ ဟင်းပွဲတစ်ပွဲပြင်ဆင်နည်းကို တတ်မြောက်ထားခြင်းထက် ဘယ်အခြေအနေမဆို ဟင်းလျာကောင်းတစ်ပွဲ ပြင်ဆင်နိုင်သည့်နည်းလမ်းကို သိရှိထားပါက သင့်အနေနဲ့ ဘက်စုံထောင့်စုံ အဆင်ပြေစေနိုင်ပါတယ်။ ၄င်းနည်းလမ်းကို သုံးပြီး ဟင်းလျာပုံစံအမျိုးမျိုးကိုလည်း ချက်ပြုတ်နိုင်လာမှဖြစ်ပါတယ်။

ဒီနေ့မှာတော့ စာရေးသူအကြိုက်ဆုံးဟင်းချက်နည်းတစ်ခုဖြစ်တဲ့ “အလုံပိတ်မီးဖိုသုံးအကင်ပြုလုပ်နည်း” ကို ဖော်ပြသွားချင်ပါတယ်။ ဒီနည်းက လုံး၀ရိုးရှင်းပြီး အရသာထူးကဲကောင်းမွန်စေတဲ့ နည်းလမ်းလည်းဖြစ်ပါတယ်။

“အလုံပိတ်မီးဖိုသုံးအကင်ပြုလုပ်နည်း”ကို လွယ်ကူရိုးရှင်းတဲ့ ကြက်သားကင်ကိတ်မုန့်အ၀ိုင်း တစ်ခုပြုလုပ်နည်းနဲ့ ဖော်ပြသွားပါမယ်။ ဒီနည်းဟာ သိပ်မကြားဖူးတဲ့ နည်းလမ်းတစ်ခုဖြစ်နေနိုင်ပေမဲ့ အပေါ်ယံအသားကြွပ်ကြွပ်ရွရွ၊ အတွင်းပိုင်းအရည်ရွှမ်းရွှမ်း ကြက်သားအရသာကို ရရှိနိုင်ပြီး ကြက်သားကင်နဲ့ အသီးအရွက်အဆီကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သင်အနေ့နဲ့ အာလူး၊ အသီးအရွက်တို့ကိုဖယ်ထားပြီး  “ကြက်သားစင်းကော”အကင် ပြုလုပ်နိုင်ပါသေးတယ်။

ပါ၀င်ပစ္စည်းများ

၁။ ကြက်သား (၅-၆ ပေါင်၊ တစ်ပိဿာ၆၀ကျပ်သားခန့်) ၁ ကောင်
၂။ အခွံနွှာပြီးမုန်လာဥနီ ၄ ခု
၃။ ကြက်သွန်နီ ၁ ခု
၄။ သံပရိုသီး ၁ ခု
၅။ အာလူးနီ ၁၀ -၁၅ ခု
၆။ စမုန်ဖြူအခက် ၄ ခု
၇။ လေးညှင်းပွင့် ၂ ပွင့်
၈။ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
၉။ ဆားနှင့်ငရုတ်ကောင်းမှုန့် မိမိနှစ်သက်သလို အရသာခံ၍ထည့်ရန်အ

အဆင့်(၁) – ပြင်ဆင်ခြင်း

ကြက်ကောင်လုံးအတွင်းမှ ကလီစာများအားလုံးကို ဖယ်ထုတ်ပါ။ ထို့နောက် အတွင်းပိုင်းကို ဆားနှင့် ငရုတ်ကောင်းဖြူးပါ။ ထို့နောက် ပြင်ဆင်သည့်နေရာမှ ခေတ္တဖယ်ထားပါ။ ဓားသွားထက်ထက်ကို သုံး၍ မုန်လာဥနီနှင့် ကြက်သွန်တို့ကို အတုံးကြီးကြီးတုံးပါ။ သံပရိုသီးများကို လေးစိတ်ခွဲ ခြမ်းပါ။

အဆင့် (၂) – ချက်ပြုတ်သည့် ဒယ်အိုးထဲသို့ ထည့်ခြင်း

မုန်လာဥနီ၊ ကြက်သွန်၊ သံပရိုသီးလေးစိတ်ကွဲ၊ အာလူးနီ၊ စမုန်ဖြူ၊ လေးညှင်း စသည်တို့ကို အ၀ိုင်းပေါက်ပါသည့် ဒယ်အိုးထဲထည့်ပါ။ ထို့နောက် ငရုတ်ကောင်း၊ သံလွင်ဆီနှင့် ဆားတို့ကို နှံ့သည်အထိ ဖြူးပါ။

ထို့နောက် ဒယ်အိုး၏ အလယ်ရှိ အပေါက်ကို ဒန်သတ္တုပြားဖြင့်ပိတ်ပါ။ ထို့နောက်ကြက်သားတုံး၏ အဝကို ဒယ်အိုးအ၀ိုင်းပေါက်တွင်တပ်၍ ကြက်သားတုံးထောင်မတ်နေစေရန်နှင့် မလဲစေရန် သတိပြုပါ။ ကြက်သားတုံး၏ အပြင်ပိုင်းကိုသံလွင်ဆီဖြင့် သုတ်လိမ်း၍ ဆားနှင့် ငရုတ်ကောင်းတို့ကို ပြင်ပ မျက်နှာပြင်သို့ ဖြူးပေးပါ။

အဆင့် (၃) – ချက်ပြုတ်ခြင်း

အ၀ိုင်းပေါက်ပါ ဒယ်အိုးကို အလုံပိတ်မီးဖိုထဲထည့်၍ အသားအလေးချိန် (၁) ပေါင်လျှင် ၁၅ မိနစ် သတ်မှတ်၍ အပူချိန် ၄၀၀ ဒီဂရီ ဖာရင်ဟိုက်ဖြင့် ချက်ပါ။ (စာရေးသူ၏ ကြက်သားသည် ၆ ပေါင်ရှိသည့်အတွက် မီးဖိုထဲတွင် တစ်နာရီနှင့် ၄၅ မိနစ်ကြာထားပါသည်။)

ချက်ပြုတ်နေစဥ်အတွင်း ကြက်သားအရည်ခွံများ တူးမသွားစေရန် သတိပြုပါ။ အကယ်၍ အသားများ အနည်းငယ်မဲလာသည်ဟုထင်ပါက ကြွတ်ရွပြီးသောအပိုင်းကို တူးမသွားရန် ဒန်သတ္တုပြားဖြင့်ကာရံ ပေးပါ။

အသား၏ အတွင်းပိုင်းအပူချိန် ၁၆၀ ဖာရင်ဟိုက်ရှိပါက ဟင်းကျက်ပြီဖြစ်၍ အခန်းတွင်းအပူချိန်အတိုင်း ၁၅ မိနစ်ခန့်ထားပြီးမှ အချပ်လိုက်လှီးဖြတ်ပါ။ ထို့နောက် သင်အလိုရှိသည့် ကြက်သားကင် ကိတ်မုန့်အ၀ိုင်းတစ်ခု ရရှိပါပြီ။

ထပ်ဆောင်းအကြံပြုချက်

ထောပတ်နှင့် ဂျုံ (သို့မဟုတ်) ပြောင်းဆန်မှုန့်(အဆီဓာတ်ကင်းစေရန်) တို့ကို ရော၍ “roux ဆော့စ်” တစ်ခုပြုလုပ်ပါ။ ထို့နောက် ဒယ်အိုး၏ အောက်ခြေသို့လောင်းထည့်၍ ပြစ်လာသည်အထိမွှေပါ။

သံပရိုအရည်ကို ဒယ်အိုးထဲရှိ ဟင်းအနှစ်၊ ကြက်သားကင်နှင့် အရွက်များပေါ်တွင် ရွှဲလာသည်အထိညှစ်၍ စားသုံးနိုင်ပါပြီခင်ဗျ။