[Unicode]
မုန့်ကျွဲသည်း က အနည်းငယ် လက်ဝင်ပေမယ့် လုပ်ရတာ မခက်ခဲလှပါဘူး။
ပါဝင်ပစ္စည်း
- ဆန်မှုန့်
- ထန်းလျက်ရည်
- ဆား
- ထုံးရည်ကြည်
- အုန်းသီး အမျှင်ခြစ်
Source: tasteofthai.ru
ပြုလုပ်နည်း
ရေလက် တစ်ဆစ်ခန့် ဆန်မှုန့် တွေကို ဖျော်ပြီး မီးအေးအေးမှာ စတင်ကျိုပါ။
အရည် ပျစ်လာလျှင် အခြား အိုးတစ်လုံး ထဲကို ဇကာနှင့် စစ်တိုက်ချပါ ။ (မမွှေမိသော ဆန်ထုံး(အခဲ) များ ကင်းရှင်းစေရန်)
ထိုအိုးထဲသို့ ထန်းလျက်ရည် ၊ ဆား ၊ ထုံးရည်ကြည်တွေကို ပေါင်းထည့်ပြီး ဆက်ကျိုပေးပါ ။ စေးပျစ် လာလျှင် ဗန်းတစ်ခု ထဲမှာလောင်းချပြီး အအေးခံထားပါ။
မိမိနှစ်သက် သလို အတုံးငယ်လေးတွေ တုံးကာ အုန်းသီးအမျှင် ခြစ်လေးတွေ ဖြူးကာ သုံးဆောင်ပါ။
Credit: Original
[Zawgyi]
မုန္႔ကြ်ဲသည္း က အနည္းငယ္ လက္၀င္ေပမယ့္ လုပ္ရတာ မခက္ခဲလွပါဘူး။
ပါဝင္ပစၥည္း
- ဆန္မႈန္႔
- ထန္းလ်က္ရည္
- ဆား
- ထုံးရည္ၾကည္
- အုန္းသီး အမွ်င္ၿခစ္
Source: tasteofthai.ru
ျပဳလုပ္နည္း
ေရလက္ တစ္ဆစ္ခန္႔ ဆန္မႈန္႔ ေတြကို ေဖ်ာ္ၿပီး မီးေအးေအးမွာ စတင္က်ိဳပါ။
အရည္ ပ်စ္လာလွ်င္ အၿခား အိုးတစ္လုံး ထဲကို ဇကာႏွင့္ စစ္တိုက္ခ်ပါ ။ (မေမႊမိေသာ ဆန္ထုံး(အခဲ) မ်ား ကင္းရွင္းေစရန္)
ထိုအိုးထဲသို႔ ထန္းလ်က္ရည္ ၊ ဆား ၊ ထုံးရည္ၾကည္ေတြကို ေပါင္းထည့္ၿပီး ဆက္က်ိဳေပးပါ ။ ေစးပ်စ္ လာလွ်င္ ဗန္းတစ္ခု ထဲမွာေလာင္းခ်ၿပီး အေအးခံထားပါ။
မိမိႏွစ္သက္ သလို အတုံးငယ္ေလးေတြ တုံးကာ အုန္းသီးအမွ်င္ ၿခစ္ေလးေတြ ၿဖဴးကာ သုံးေဆာင္ပါ။
Credit: Original