အလှူမင်္ဂလာတွေမှာဆိုရင် ကျောက်ကျောကမပါမဖြစ်ပါပဲ။ ဒါကြောင့် ဒီလိုမျိုး အရသာကောင်းမွန်တဲ့ ကျောက်ကျောကို တခါတလေမှာ ဈေးတွေမှာလဲ ရောင်းနေတာတွေ့ရတတ်ပါတယ်။ လုပ်ရတာလည်း သိပ်ပြီးလက်မဝင်တာကြောင့် စားချင်စိတ်ဖြစ်လာတဲ့အခါ စားနိုင်အောင်လို့ အခုပဲလုပ်နည်းလေးကို ဖော်ပြပေးလိုက်ရပါတယ်နော်။
ပါဝင်ပစ္စည်းများ
- ရေ – ၁ လီတာ (သို့) ၄ ခွက် လက်ဖက်ရည်ပန်းကန်လုံး
- ကျောက်ကျောမှုန့် – ၆ ဇွန်း (ထမင်းစားဇွန်း)
- သကြား – ၃၀၀ ဂရမ်
- အုန်းနိူ.စစ်စစ် – ၂၅၀ မီလီမီတာ
- ဆွမ်းမွှေးရွက်အရည် – ၂၀၀ မီလီလီတာ
- ဆား – အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
- ဆွမ်းမွှေးရွက် ၂၀၀ မီလီလီတာ ရဖို့ ဆွမ်းမွှေးရွက် ၂၀ ရွက်လောက်ကို ပါးပါးလှီးပြီး ရေနှင့် အတူရောပြီး ဖျော်ရည်ကြိတ်စက်မှာ ကြိတ်ပြီး ဇကာနဲ့စစ်ယူ ထားပါ။
- ဆွမ်းမွှေးရွက်အရည်နဲ့ အုန်းနို့ကို သီးသန့်စီ ထားပြီး ကျန်အရာတွေကို ထက်ဝက်စီ ခွဲလိုက်ပါ ။
- ပထမ တစ်လွှာ အုန်းနို့ ကျောက်ကျောရည် အတွက် ကျောက်ကျောမှုန့်ကို ချန်ပြီး သကြား ၊ ဆား ၊ ရေ ၊ အုန်းနို့တို့ကို ရောကျိုပါ ။
- ဆူလာလျှင် မီးလျှော့ချပြီး ကျောက်ကျောမှုန့်ကို ရေဖျော်ပြီးထည့်ပါ ။ (၅) မိနစ်လောက် ကျိုပြီး အအေးခံမည့် ဗန်းထဲသို့ လောင်းချပါ ။
- အုန်းနို့ကျောက်ကျောရည် အတော်လေး အေးခဲသွားပြီဆိုမှ ဆွမ်းမွှေးကျောက်ကျောရည်ကိုလည်း ပထမနည်းအတိုင်း ပြုလုပ်ပြီး အုန်းနို့ကျောက်ကျောပေါ်သို့ လောင်းချအေးခံပါ။
Credit: Thaw Maw, Chawchaw Ei, Htet Htet and Thin Mar S