ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲ၊ မုန့်ဟင်းခါးဖတ်
  • ပဲကြာဇံ၊ တိုဖူး
  • ထမင်းငရုတ်ဆီနယ်၊ အာလူးပြုတ်
  • ဂေါ်ဖီ၊ သင်္ဘောသီး၊ သခွားသီး
  • ပဲပင်ပေါက်၊ ကြက်သွန်နီ

Source: Love & Olive Oil

  • နံနံပင်၊ ရှောက်ရွက်၊ ပဲမှုန့်အကျက်
  • ပုဇွန်ခြောက်မှုန့်၊ မကျည်းနှစ်၊ ငရုတ်သီးအနီဆီချက်
  • ကြက်သွန်နီဆီချက်၊ ကြက်သွန်ဖြူဆီချက်
  • ငံပြာရည်၊ ဆား၊ ငရုတ်သီးအကျက်မှုန့်
  • ကြက်သွန်ဖြူအမွှာ၊ ငရုတ်သီးအနီ အခြောက်တောင့်

ချက်ပြုတ်နည်း

ဗန်းတခုထဲတွင် ခေါက်ဆွဲ၊ မုန့်ဟင်းခါးဖတ်၊ ပဲကြာဇံ၊ တိုဖူး၊ ထမင်းငရုတ်ဆီနယ် တို့ကို တစ်ပုံစီထည့်ပါ။ အာလူးကိုပြုတ်ပြီး တလက်မခန့် အစိပ်လေးများ စိပ်ပါ။ ဂေါ်ဖီ၊ သင်္ဘောသီး နဲ့ သခွားသီးကို ခြစ်တံ နှင့် ခြစ်ပါ။ ပဲပင်ပေါက်ကို ဆူတဲ့ရေထဲမှာ ၅မိနစ်ခန့် စိမ်ပြီး ရေအေးနှင့်ဆေးချပြီး ဇကာနဲ့ စစ်ထားပါ။

ကြက်သွန်နီကို ပါးပါးအရှည်လိုက် လှီးပြီး ရေအေးထဲတွင် စိမ်ထားပါ ။ စားခါနီးမှ ရေညှစ်၍ ဗန်းထဲထည့်ပါ။ နံနံပင် နဲ့ ရှောက်ရွက်ကို ပါးပါးလှီးထားပါ။

ဗန်းနောက်တခုထဲတွင် အာလူးပြုတ်၊ ဂေါ်ဖီ၊ သင်္ဘောသီး နှင့် သခွားသီးခြစ်၊ ပဲပင်ပေါက်၊ ကြက်သွန်နီ၊ နံနံပင် နဲ့ ရှောက်ရွက် တို့ကို တပုံစီပုံပါ။ ဒယ်အိုးပူထဲတွင် ဆီအနဲငယ်ထည့်ပြီး ငရုတ်တောင့် အခြောက်နီကို ထည့်ပါ၊ ထည့်ပြီးရင် မီးကိုပိတ်လိုက်ပြီး ငရုတ်တောင့်ကို လှော်ပြီး အအေးခံထားပါ။

ပဲမှုန့်အကျက်၊ ပုဇွန်ခြောက်မှုန့်၊ မကျည်းနှစ်၊ ကြက်သွန်နီဆီချက်၊ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးအနီဆီချက်၊ ငရုတ်သီးမှုန့်အကျက်မှုန့်၊ ငံပြာရည်၊ ဆား ကို ပန်းကန်လုံး တခုစီတွင်ထည့်ပါ။

စားမည့်အချိန်တွင် ဗန်းနှစ်ခုထဲမှ ကြိုက်နှစ်သက်ရာ အဆာပလာများကို ဇလုံထဲတွင် အနဲငယ်စီထည့်ပြီး ပဲမှုန့်အကျက်၊ ပုဇွန်ခြောက်မှုန့်၊ မကျည်းနှစ်၊ ကြက်သွန်နီဆီချက်၊ ကြက်သွန်ဖြူဆီချက်တို့ကို လဖက်ရည်ဇွန်း ၁ ဇွန်းခန့် စီထည့်ပါ။

ငရုတ်သီးအနီဆီချက်၊ ငရုတ်သီးမှုန့်အကျက်မှုန့်၊ ငံပြာရည် နဲ့ ဆားတို့ကို မိမိအကြိုက် သင့်တင့်ယုံထည့်ပြီး နှံ့အောင်နယ်ပါ။ အပေါ့အငံကို မြည်းပြီး လိုတာကို ထပ်ထည့်နိုင်ပါတယ်။ စားတဲ့အချိန်မှာ ကြက်သွန်ဖြူအမွှာ နဲ့ ငရုတ်သီးတောင့်ကြော်ကို အသုပ်နဲ့အတူ တွဲ၍ သုံးဆောင်နိုင်ပါတယ် ။

MyFood Myanmar