အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အခုသလော မကြာခဏ စားဖြစ်နေတဲ့ မြီးရှည် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်သောပစ္စည်းများ

  • မြီးရှည်(မုန့်တီနန်းလတ်) ၅၀ ကျပ်သား
  • ဝက်သား ၁၅ ကျပ်သား
  • ကြက်သား ၂၅ ကျပ်သား
  • ကော်မူန့် ၊ဆီ သင့်ရုံ
  • ပဲငါးပိ အနည်းငယ်

  • ငရုတ်သီးပွခြောက် အနည်းငယ်
  • ကြက်သွန်နီ အနည်းငယ်
  • ကြက်သွန်ဖြူ အနည်းငယ်
  • အရောင်တင်မူန့် အနည်းငယ်
  • ပဲငံပြာရည်  လိုသလောက်

  • ဟင်းခတ်မူန့် လိုသလောက်
  • ပဲပင်ပေါက် လိုသလောက်
  • တရုတ်နံနံ အနည်းငယ်

  • ကြက်သွန်မြိတ် အနည်းငယ်
  • ချင်း(ဂျင်း) အနည်းငယ်
  • ဆား အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး အသားတွေတွေကို ဆား၊ ဟင်းခတ်မှုန့်တို့နဲ့ နယ်ပြီး နူးနေအောင်ပြုတ်ပါ။ နူးလာရင် ဆယ်လိုက်ပါ။ အရိုးပါရင် အရိုးနုလေးတွေကို ဆက်ပြုတ်ထားလိုက်ပါ။

မြီးရှည်ကို ရေနွေးထဲ လောင်းထည့်လိုက်ပြီး ခဏထားကာဆယ်ထားလိုက်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အရောင်တင်မူန့်တို့ကို ဆီသတ်လိုက်ပါ။

ငရုတ်သီးခြောက်တွေနဲ့ ကြော်လိုက်ပါ။ ညိုလာရင် ဆယ်လိုက်ပြီး အအေးခံလိုက်ကာ ထောင်းထားလိုက်ပါ။ ပဲပင်ပေါက်ကို ရေနွေးလေးနဲ့ စိမ်လိုက်ပြီး နူးရင် အရည်စစ်ထားပါ။

ကော်မူန့်ကို ရေနွေးနဲ့ ပျစ်ပျစ်ဖျော်ထားပါ။

စားမယ်ဆိုရင် ပန်းကန်ပြားထဲကို ခေါက်ဆွဲထည့်၊ အသားဖတ်တွေထည့်၊ ငံပြာရည်၊ ဆီကျက်၊ ကော်ရည်၊ ဟင်းခတ်မှုန့်၊ ပဲငါးပိ၊ ဂျင်းထောင်းအနည်းငယ်၊ တရုတ်နံနံပင်၊ ကြက်သွန်မြိတ်၊ ငရုတ်သီးကြော်ထောင်း၊ မုန်ညှင်းချဉ်ပါးပါးလှီးတို့ကို လိုအပ်သလောက်ထည့်ပြီး နယ်လိုက်ကာ သုံးဆောင်နိုင်ပါပြီ။

အားလုံးကြိုက်ကြတဲ့ မြီးရှည်အရည် / အသုပ်

အရိုးဟင်းချိုထဲသို့ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ ဓားပြားရိုက်နဲ့ ပဲပင်ပေါက်တို့ထည်ပြီး အရည်အဖြစ် သုံးဆောင်နိုင်ပါတယ်။

By: MyFood Myanmar