ပါဝင်ပစ္စည်းများ
ဇရစ်ရိုး
ကင်းပွန်ချဉ်ရွက်
ပုစွန်ခြောက်မှုန့်
မျှင်ငါးပိ
ဆား
ဆီ
သကြားအနည်းငယ်
ငရုပ်သီးတောင့်ရှည် အမှည့်
ကြက်သွန်နီ
ကြက်သွန်ဖြူ
ခရမ်းချဉ်သီးမှည့်
ပြုလုပ်ပုံ
ဇရစ်ရိုးများကို စင်းနှီးတုံးတစ်ခုပေါ် တင်၍ တပြားရိုက်ပြီး ရေစင်အောင်ဆေးထားပါ။
ကင်းပွန်ချဉ်ရွက်ကို ခြွေပြီး ရေဆေးထားပါ။
ငရုပ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ များကို ရောထောင်းပါ။
ငရုပ်သီးတောင့်ရှည်ကို အနည်းငယ် ထက်ခြမ်းလေးများ ခြမ်းပြီး ပန်းကန်လုံး တစ်လုံးတွင် ထည့်ထားပါ။
ပြီးလျှင် ဒယ်အိုးကို မီးအေးအေးလေးပေါ် တင်ပြီး ဆီထည့်ပါ၊ ဆီပူလာသည်နှင့် ထောင်းထားသော ငရုပ်သီးများကို ထည့်ပါ။
ကြက်သွန်များ နီ၍ နွမ်းလာပါက မျှင်ငါးပိကို ရေလေးနှင့် ဖျော်ပြီး ထည့်ကြော် ၊ ပုစွန်ခြောက်မှုန့်ထည့်မွှေပါ။
ပြီးလျှင် ရေစင်အောင်ဆေးထားသော ဇရစ်ရိုးနှင့် ကင်ပွန်းချဉ်ကို ထည့်၍ ဆုံဆေးရည်နှင့်အတူ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပါ။
ရေလေးလည် ခမ်း၍ ဆီပြန်တာနှင့် အရသာလေးမြည်းကြည့်ပြီး အနေတော်တာနှင့် ထက်ခြမ်းခြမ်းထားသော ငရုပ်သီးစိမ်းလေးများ ထည့်၍ နံနံပင်လေးအုပ်ပြီး တခဏကြာတာနှင့် မီးဖိုပေါ်မှ ချရ်ျ သုံးဆောင်နိုင်ပါသည်။
Credit: အိမ်ဟင်းလေးတခွက်