အားလုံးပဲမင်္ဂလာပါနော်။ အလျင်လိုရင်ပဲဖြစ်ဖြစ်၊ အစာပြေပဲဖြစ်ဖြစ်၊ တမင်စားချင်လို့ပဲဖြစ်ဖြစ် လက်ဖက်ထမင်းသုပ်လေး လုပ်စားချင်တယ်ဆိုရင်တော့ လက်ဖက်ထမင်းသုပ်ပြုလုပ်နည်းကို မျှဝေပေးသွားမယ်နော်။
စာဖတ်သူတို့ တော်တော်များများလည်း သိပြီးသားဖြစ်မယ်လို့ယုံကြည်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့
- လက်ဖက် (နှပ်ပြီးသား)
- အကြော်စုံ (မြေပဲ၊ နှမ်း၊ ပဲကြော်များ)
- ထမင်း
- ဆီ
- ခရမ်းချဉ်သီး
Source: wikiHow
- ငရုတ်သီးအစိမ်း
- မြေပဲကြော်
- ပုဇွန်ခြောက်
- သံပရာသီး
- ငံပြာရည်၊ ဆားအနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး ဇလုံတစ်ခုထဲကို ထမင်း၊ လက်ဖက်၊ အကြော်၊ ခရမ်းချဉ်သီး ပါးပါးလှီး၊ ဆီ၊ ငံပြာရည်၊ ငရုတ်သီးစိမ်း ၊ ဆားအနည်းငယ်ထည့်ပြီး နယ်လိုက်ပါ။ ပြီးရင် သံပရာရည်နည်းနည်းညှစ်ပြီး သေချာထပ်နယ်လိုက်ပါ။
ပုဇွန်ခြောက်နဲ့ မြေပဲကြော်ကို လက်ဖက်ထမင်းနဲ့အတူ ထည့်နယ်လို့လည်းရသလို အပြင်ကနေ ဖြူးပြီးစားပေးလို့လည်းရပါတယ်။ ကြက်သွန်ကြော်ကိုလည်းထည့်လို့ရတယ်နော်။
ပြီးရင်တော့ သခွားသီး၊ ဆလတ်ရွက်တို့နဲ့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။
Photo: www.pinterest.com
By: MyFood Myanmar