အားလုံးပဲမင်္ဂလာပါနော်။ အလျင်လိုရင်ပဲဖြစ်ဖြစ်၊ အစာပြေပဲဖြစ်ဖြစ်၊ တမင်စားချင်လို့ပဲဖြစ်ဖြစ် လက်ဖက်ထမင်းသုပ်လေး လုပ်စားချင်တယ်ဆိုရင်တော့ လက်ဖက်ထမင်းသုပ်ပြုလုပ်နည်းကို မျှဝေပေးသွားမယ်နော်။

စာဖတ်သူတို့ တော်တော်များများလည်း သိပြီးသားဖြစ်မယ်လို့ယုံကြည်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့

  • လက်ဖက် (နှပ်ပြီးသား)
  • အကြော်စုံ (မြေပဲ၊ နှမ်း၊ ပဲကြော်များ)
  • ထမင်း
  • ဆီ
  • ခရမ်းချဉ်သီး

Source: wikiHow

  • ငရုတ်သီးအစိမ်း
  • မြေပဲကြော်
  • ပုဇွန်ခြောက်
  • သံပရာသီး
  • ငံပြာရည်၊ ဆားအနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ဇလုံတစ်ခုထဲကို ထမင်း၊ လက်ဖက်၊ အကြော်၊ ခရမ်းချဉ်သီး ပါးပါးလှီး၊ ဆီ၊ ငံပြာရည်၊ ငရုတ်သီးစိမ်း ၊ ဆားအနည်းငယ်ထည့်ပြီး နယ်လိုက်ပါ။ ပြီးရင် သံပရာရည်နည်းနည်းညှစ်ပြီး သေချာထပ်နယ်လိုက်ပါ။

ပုဇွန်ခြောက်နဲ့ မြေပဲကြော်ကို လက်ဖက်ထမင်းနဲ့အတူ ထည့်နယ်လို့လည်းရသလို အပြင်ကနေ ဖြူးပြီးစားပေးလို့လည်းရပါတယ်။ ကြက်သွန်ကြော်ကိုလည်းထည့်လို့ရတယ်နော်။

ပြီးရင်တော့ သခွားသီး၊ ဆလတ်ရွက်တို့နဲ့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Photo: www.pinterest.com

By: MyFood Myanmar