အလွယ်သုပ်နည်းလေးမို့ မည်သူမဆို သုပ်စားလို့ လွယ်ကူပါတယ်။
ပါဝင်ပစ္စည်းများ
- ထမင်းဖြူ
- ခရမ်းချဉ်သီး ၃လုံး
- သင်္ဘောသီး၊ ဥနီ၊ ပဲပြားကြာ်
- ဆား အနည်းငယ်၊ နံနံပင်
- ပဲအကျက်မှုန့်၊ ပုဇွန်ခြောက်မှုန့်၊ ငရုပ်သီးမှုန့်
- ကြက်သွန်ဖြူနီ ဆီကျက်
- ငံပြာရည်၊ မန်ကျည်းရည် (သို့) ငရုပ်ဆီ
- ငရုပ်သီးစိမ်း၊ ကြက်သွန်ဖြူ
ပြုလုပ်နည်း
ခရမ်းချဉ်သီး ၃လုံးခန့် ပါးပါးလှီးထားပါ။ ဆား အနည်းငယ်ထည့်ကာ ဒယ်အိုးထဲ ရေအနည်းငယ်နဲ့ အနှစ်ရတဲ့ထိကျိုပြီး ထမင်းဖြူထည့်နယ်ပြီး လုံးထားပါ။
ပဲပင်ပေါက် ရေနွေးဖျောထားပါ။ ခရမ်းချဉ်သီး ပါးပါး လှီးထားပါ။ သင်္ဘောသီးနဲ့ ဥနီ ပါးပါး ခြစ်ထားပါ။
ပဲပြား ကြော်ပြီးသား ပါးပါးလှီးထားပါ။ နံနံပင်၊ ပဲအကျက်မှူန့်၊ ပုဇွန်ခြောက်မှူန့်၊ ငရုပ်သီးမှူန့်၊ ကြက်သွန်ဖြူနီ ရောပြီး ချက်ထားတဲ ဆီကျက် မွှေးမွှေးလေး၊ ငံပြာရည်၊ မန်ကျည်းရည် (သို့) ငရုပ်ဆီ ထည့်ပြီး မိမိနှစ်သက် သလို ရောသုပ်ပြီး ငရုပ်သီးစိမ်း၊ ကြက်သွန်ဖြူ လေး ကိုက်တို့ပြီး ဟင်းခါးပူပူလေးနဲ့ စားပါ။
Credit: Thida Lay Lay