ဆီလုံးဝမပါပဲ ချဉ်ငံစပ်စားလို့ကောင်းတဲ့ ဟင်းတခွက်ပါ။ ကကတစ်နဲ့လဲ ချက်လို့ရပါတယ်။ ခဏခဏ ချက်စားဖြစ်တဲ့ ဟင်းတမျိုးပါ။ ၁၅ မိနစ်လောက်ပဲ အချိန်ကြာပြီး အမြန်ချက်လို့ရတဲ့ ဟင်းတခွက်ပါ။

ပါဝင်ပစ္စည်း

  • တလားပီးယား ငါးတကောင်
  • ကြက်သွန်ဖြူ ထက်ခြမ်းခွဲ – ၆ တက်
  • ဂျင်း – ပါးပါးလှီးထည့်၊ ငရုတ်သီးစိမ်း/ အနီ – ၅ တောင့်
  • သံပုရာသီး၊ ငံပြာရည်
  • အရသာမှုန့်၊ ရေ၊ နံနံပင်

ပြုလုပ်နည်း

တလားပီးယား ငါးတကောင် ကို အကြေးခွံထိုးပြီး ဗိုက်ခွဲ သန့်စင်ထားပါ။ ဆိုင်မှာလုပ်ပေးတဲ့အခါ ငါးသည်းခြေ ကွဲပြီး ငါးဗိုက်သားက မဲနေတတ်ပါတယ်။ ဒီအတိုင်းရေဆေး ပြီးချက်ရင် အဲဒီနေရာမှာ ခါးတတ်ပါတယ်။ မဲနေတဲ့ ငါးဗိုက်သားနေရာမှာ သံပုရာသီး တစိတ် ညစ်ထည့်ပြီး ဆေးပါ။ မဲနေတဲ့ ဗိုက်သား ဖြူသွားပါမယ်။

ငါးတကောင်လုံး ဆန့်တဲ့ အိုးထဲ တဖက် တချက် သုံးခါလောက် မွှန်းထားတဲ့ ငါးကို ငံပြာရည် ၊ အရသာမှုန့် တွေဝင်အောင် ဗိုက်သားထဲအထိ ထည့်ပြီး နယ်ပေးပါ။

ပြီးရင် သံပုရာသီး တစိတ်စီကို ငါးတဖက်တချက်စီ အရည်ညှစ်ပြီး ထပ်နယ်ပေးပါ။

အိုးထဲကို ကြက်သွန်ဖြူ ထက်ခြမ်းခွဲ ၆ တက် ၊ ဂျင်းပါးပါးလှီးထည့် ငရုတ်သီးစိမ်း/ အနီ ၅ တောင့် လောက်ကို ထက်ခြမ်းညှပ်ထည့်ပြီး ရေ အနည်းငယ်နဲ့ စတည်ပါ။

တရေပွက်ရင် အရေသောက်ဖို့ ရေလိုသလောက် ထပ်ထည့်ပြီး ငါးကို တဖက်လှန်ပေးပါ။ ငါးကျက်ပြီဆို နံနံပင် အုပ်ပြီး မီးပိတ်လို့ရပါပြီ။

Credit: မွန်မ လက်ရာ စားစရာ