အခုဖော်ပြပေးမယ့် ထောပတ်ဘီစကစ် မုန့်လုပ်နည်းက ပါဝင်ပစ္စည်း (၆) မျိုးတည်းရှိရုံနဲ့ မိမိအိမ်မှာ အလွယ်တကူလုပ်စားနိုင်တဲ့ မုန့်ပဲဖြစ်ပါတယ်။ ဆေးသကြားများ လုံးဝ မပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် ဆိုးကျိုးမဖြစ်စေဘဲ အာဟာရပြည့်ဝစေမယ့် သဘာဝထောပတ်ဘီစကစ်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၃၀၀ ဂရမ်
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၄ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ထောပတ်နွားနို့ စားပွဲတင်ဇွန်း ၃၂ ဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း ၈ ဇွန်း (အရည်ဖျော်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ဂျုံမှုန့်။ မုန့်ဖုတ်ပေါင်ဒါ၊ သကြားနှင့် ဆားတို့ကို သမအောင် ရောမွှေထားလိုက်ပါ။ ထို့နောက် ထောပတ်နွားနို့ လောင်းထည့်ပြီး ကပ်စေးစေးဖြစ်နေတဲ့ ဂျုံလုံးဖြစ်သွားအောင် နယ်ပေးလိုက်ပါ။

၃။ အလျား ၈ လက်မ အနံ ၈ လက်မစီရှိသော မုန့်ဖုတ်လင်ဗန်းထဲသို့ ထောပတ်များ လောင်းထည့်လိုက်ပါ။ ထို့နောက် စောစောကဂျုံလုံးကို လင်ဗန်းထဲထည့်ကာ မျက်နှာပြင် ညီညာအောင် ဖြန့်လိုက်ပါ။

၄။ ထို့နောက် စတုရန်းကွက် ၉ ကွက်ပေါ်သွားအောင် ဓားဖြင့် လှီးဖြတ်ထားလိုက်ပါ။ ပြီးရင်တော့ Oven ထဲမှာ မိနစ် ၂၀၊ ၂၅ မိနစ်ခန့် ထည့်ဖုတ်လိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ စတုရန်းကွက်တစ်ခုချင်းစီကို ဓားဖြင့် အသာလေး ကလော်လိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ထောပတ်ဘီစကစ်မုန့်များ ရရှိသွားပါပြီ။

Source: Cravinghomecooked.com