အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာလေးကတော့ အမဲသားပြား ချိစ်ဘာဂါ ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၁၀ ဇွန်း
  • ဘာဂါပြုလုပ်ရန် ပေါင်မုန့်လုံး ၄ လုံး
  • ကြက်သွန်နီ ၁ ဥ (နုပ်နုပ်စဉ်းထားပါ)
  • အမဲသား ၁ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ဆားနှင့် ငရုတ်သီးမှုန့် အနည်းငယ်

  • အမေရိကန်ချိစ် ၄ ချပ်
  • ဆလပ်ရွက် အနည်းငယ် (မထည့်လည်း ရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပေါင်မုန့်လုံးကို ထက်ခြမ်း ခြမ်းပြီးနောက် ထောပတ်ဖြင့် သုတ်လိမ်းထားလိုက်ပါ။

၂။ ထို့နောက် ဒယ်အိုးကို အပူပေးပြီး ပေါင်မုန့်များကို မီးကင်ပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ထည့်ပါ။ ထောပတ်များ အရည်ပျော်သွားပါက ကြက်သွန်နီများထည့်ကာ ကြက်သွန်များ အညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲ ပြောင်းထည့်ထားလိုက်ပါ။

၄။ ထို့နောက် နုပ်နုပ်စဉ်းထားသော အမဲသားများကို အသားပြား ၄ ပြားခန့် ပြုလုပ်လိုက်ပါ။

၅။ စောစောက ကြက်သွန်နီကြော်ထားသော ဒယ်အိုးထဲတွင်ပင် အသားပြားများကို အစီအရီထည့်ထားလိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ၆ မိနစ်ခန့် ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့ လှန်ကာ နောက်ထပ် ၆ မိနစ်ခန့် ထပ်ကြော်လိုက်ပါ။

၆။ ထို့နောက် အမေရိကန်ချိစ်များကို အမဲသားပြားပေါ်တွင် တင်ထားကာ အရည်ပျော်သွားသည်အထိ အပူပေးပါ။

၇။ ထို့နောက် ပေါင်မုန့်များကို ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်းခန့် ထပ်မံသုတ်လိမ်းထားလိုက်ပါ။ ဆလပ်ရွက် အသုံးပြုပါက ပေါင်မုန့်ပေါ်တွင် ဆလပ်ရွက်လေး ခံထားပါ။ ထို့နောက် စောစောက ချိစ်အသားပြားလေး တင်ထားလိုက်ပါ။ ကြက်သွန်နိ ၄ ပုံ ၁ ပုံခန့်ကို ချိစ်ပေါ် တင်ထားပြီးနောက် အခြားပေါင်မုန့်တစ်ခြမ်းဖြင့် အုပ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသားပြား ချိစ်ဘာဂါလေး ရရှိသွားပါပြီ။

Source: Thespruceeats.com