အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ထောပတ်အရသာကဲထားတဲ့ ကြက်သားဟင်း ချက်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပင်လယ်ဆား လက်ဖက်ရည်ဇွန်း ၁ ဇါန်း
  • မဆလာ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • ကြက်သား ၁ ပေါင် (အနေတော်အတုံး တုံးထားပါ)
  • သံပုယိုသီး တစ်ခြမ်း (အရည်ညှစ်ထားပါ)
  • ဒိန်ချဉ် ၆၀ မီလီလီတာ

ဆော့စ်ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ကြက်သွန်ဖြူ ၂ မြွှာ
  • ပျဉ်းတော်သိမ်ရွက် ၁ ရွက်
  • ခရမ်းချဉ်သီး အနည်းငယ် (အနေတော်အတုံး လှီးထားပါ)
  • ရေ ၁၂၅ မီလီလီတာ
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ

  • ထောပတ် ၆၀ ဂရမ်
  • ငရုတ်သီး ၃ တောင့် (အလျားလိုက် လှီးဖြတ်ထားပါ)
  • ဆားနှင့် မဆလာအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးများကို ဇလုံတစ်လုံးထဲထည့်ထားပြီးနောက် ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးမှုန့်၊ ပင်လယ်ဆား၊ မဆလာ၊ သံပုယိုရည်၊ ဒိန်ချဉ်တို့ဖြင့် သမအောင် နယ်ထားပြီးနောက် မိနစ် ၃၀ ခန့် သိပ်ထားလိုက်ပါ။

၂။ မိနစ် ၃၀ ပြည့်ပါက ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ကာ ကြက်သားများကို ကြော်ပေးလိုက်ပါ။ ရရှိလာတဲ့ကြက်သားကြော်ကို ပန်းကန်ထဲ ပြောင်းည့်ထားပါ။

၃။ ဒယ်အိုးကို အပူပြန်ပေးပြီးနောက် ဂျင်း၊ ကြက်သွန်ဖြူ၊ ပျဉ်းတော်သိမ်၊ ခရမ်းချဉ်သီးနှင့် ရေတို့ထည့်ပြီး ၁၅ မိနစ်ခန့် တည်ထားလိုက်ပါ။

၄။ ခရမ်းချဉ်သီးအရည်က ပွက်ပွက်ဆူလာပါက ငရုတ်သိးမှုန့်၊ ထောပတ်သီး၊ ငရုတ်သီး၊ ပင်လယ်ဆား၊ မဆလာနှင့် ကြက်သားကြော်တို့ ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ဟင်းရည် ပျစ်သွားသည်အထိ တည်ထားပြီးတဲ့နောက်မှာတော့ ဒယ်အိုးကို မီးဖိုပေါ်ကချလို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ထောပတ်ကြက်သားဟင်းလေး ရရှိသွားပါပြီ။ ထမင်းနဲ့ အတူတူ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Getinspiredeveryday.com