(Unicode)
အားလုံးပဲ မင်္ဂလာပါ။ အချိုပွဲကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ထောပတ်သီးကွတ်ကီးပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ဥအနှစ် တစ်လုံး
- ဂျုံမှုန့် ၂၅၀ ဂရမ်
- မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဝက်
- ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
- ထောပတ် ၂၅၀ ဂရမ်နှင့် သကြား ၁၃၀ ဂရမ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါနှင့် ဆားတို့ကို ပန်းကန်လုံးတစ်လုံးထဲသို့ ဆန်ခါဖြင့် စစ်ချလိုက်ပါ။
၂။ ထောပတ်နှင့် သကြားတို့ကို မွှေစက်ထဲထည့်ကာ ၃ မိနစ်ခန့် ထည့်မွှေပေးလိုက်ပါ။ ကြက်ဥအနှစ်ထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။ ထို့နောက် စောစောက စစ်ချထားသော ဂျုံမှုန့်၊ မုန့်ဖုတ်ဆိုဒါနှင့် သကြားအရောအနှောတို့ကို မွှေစက်ထဲထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။
၃။ ရရှိလာတဲ့ ဂျုံလုံးအကြီးကို အလုံးအကြီးကြီးရအောင် လုံးပေးလိုက်ပါ။ ထိုဂျုံလုံးကို ထက်ခြမ်းခြမ်းပေးလိုက်ပါ။ ဂျုံခြမ်းတစ်ခြမ်းချင်းစီကို ရှည်မျောမျောဂျုံချောင်းလေးရအောင် လှိမ့်ပေးလိုက်ပါ။ ထို့နောက် ပလပ်စတစ်ဖြင့် တစ်နာရီခန့် ပတ်ထားပေးလိုက်ပါ။
၄။ တစ်နာရီပြည့်ပါက ဂျုံချောင်းကို လက်မဝက်ခန့်အထူရအောင် လှီးဖြတ်ပေးလိုက်ပါ။ ထို့နောက် Oven ထဲတွင် ၃၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ၁၈ မိနစ်ခန့် ထည့်ဖုတ်ပေးလိုက်ပါ။ အချိန်ပြည့်ပါက Oven ထဲကထုတ်ပြီး အအေးခံထားလိုက်ပါ။
၅။ ဒါဆိုရင်တော့ အရသာရှိတဲ့ ထောပတ်ကွတ်ကီးလေးရရှိသွားပါပြီ။
Source: Pinchandswirl.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ အခ်ိဳပြဲႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ဒီတစ္ခါမွာေတာ့ ေထာပတ္သီးကြတ္ကီးျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ၾကက္ဥအႏွစ္ တစ္လံုး
- ဂ်ံဳမႈန္႔ ၂၅၀ ဂရမ္
- မုန္႔ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္းတစ္ဝက္
- ဆား လက္ဖက္ရည္ဇြန္း ၄ ပံု ၁ ပံု
- ေထာပတ္ ၂၅၀ ဂရမ္ႏွင့္ သၾကား ၁၃၀ ဂရမ္
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ဂ်ံဳမႈန္႔၊ မုန္႔ဖုတ္ေပါင္ဒါႏွင့္ ဆားတို႔ကို ပန္းကန္လံုးတစ္လံုးထဲသို႔ ဆန္ခါျဖင့္ စစ္ခ်လိုက္ပါ။
၂။ ေထာပတ္ႏွင့္ သၾကားတို႔ကို ေမႊစက္ထဲထည့္ကာ ၃ မိနစ္ခန္႔ ထည့္ေမႊေပးလိုက္ပါ။ ၾကက္ဥအႏွစ္ထည့္ကာ သမေအာင္ ထပ္ေမႊေပးလိုက္ပါ။ ထို႔ေနာက္ ေစာေစာက စစ္ခ်ထားေသာ ဂ်ံဳမႈန္႔၊ မုန္႔ဖုတ္ဆိုဒါႏွင့္ သၾကားအေရာအေႏွာတို႔ကို ေမႊစက္ထဲထည့္ကာ သမေအာင္ ထပ္ေမႊေပးလိုက္ပါ။
၃။ ရရွိလာတဲ့ ဂ်ံဳလံုးအႀကီးကို အလံုးအႀကီးႀကီးရေအာင္ လံုးေပးလိုက္ပါ။ ထိုဂ်ံဳလံုးကို ထက္ျခမ္းျခမ္းေပးလိုက္ပါ။ ဂ်ံဳျခမ္းတစ္ျခမ္းခ်င္းစီကို ရွည္ေမ်ာေမ်ာဂ်ံဳေခ်ာင္းေလးရေအာင္ လွိမ့္ေပးလိုက္ပါ။ ထို႔ေနာက္ ပလပ္စတစ္ျဖင့္ တစ္နာရီခန္႔ ပတ္ထားေပးလိုက္ပါ။
၄။ တစ္နာရီျပည့္ပါက ဂ်ံဳေခ်ာင္းကို လက္မဝက္ခန္႔အထူရေအာင္ လွီးျဖတ္ေပးလိုက္ပါ။ ထို႔ေနာက္ Oven ထဲတြင္ ၃၂၅ ဒီဂရီဖာရင္ဟိုက္ျဖင့္ ၁၈ မိနစ္ခန္႔ ထည့္ဖုတ္ေပးလိုက္ပါ။ အခ်ိန္ျပည့္ပါက Oven ထဲကထုတ္ၿပီး အေအးခံထားလိုက္ပါ။
၅။ ဒါဆိုရင္ေတာ့ အရသာရွိတဲ့ ေထာပတ္ကြတ္ကီးေလးရရွိသြားပါၿပီ။
Source: Pinchandswirl.com