အဆာပြေမုန့်အနေနဲ့လည်း စားသုံးနိုင်သလို ထမင်းနဲ့ အဓိကဟင်းလျာအဖြစ် တွဲဖက်စားသုံးနိုင်တဲ့ ပုစွန် ကင်းမွန်အစပ်ကြော်ဟင်းလျာ ချက်ပြုတ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁ ပေါင် (အခွံခွာထားပါ)
  • ကင်းမွန် ၁ ပေါင် (အကွင်းလိုက် လှီးဖြတ်ထားပါ)
  • ထောပတ် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၃ ဖွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • နံနံပင် အနည်းငယ်
  • ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ထောပတ်ထည့်ပါ။

၂။ ထောပတ်အရည်ပျော်သွားပါက ကြက်သွန်ဖြူထည့်ကာ ဆီသတ်ပါ။

၃။ ကြက်သွန်ဖြူက အညိုဖျော့ရောင် ပြောင်းသွားပါက ပုစွန်နှင့် ကင်းမွန်တို့ထည့်ကာ ၅ မိနစ်ခန့် မွှေကြော်လိုက်ပါ။

၄။ ထို့နောက် နံနံပင်နှင့် ငရုတ်သီးမှုန့်၊ ဆားတို့ထည့်ကာ သမအောင် မွှေကြော်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ ပင်လယ်စာချစ်သူများအတွက် အရသာရှိတဲ့ ပုစွန် ကင်းမွန်အစပ်ကြော်ဟင်းပွဲတစ်ခွက် ရရှိသွားပါပြီ။

ထမင်းနဲ့ တွဲစားမယ်ဆိုလည်း လိုက်ဖက်သလို သွားရေစာမုန့်အနေနဲ့ သူ့ချည်းပဲစားမယ်ဆိုလည်း အရသာရှိပါတယ်။

Source: Panlasangpinoy.com