အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ဝက်သားကပ် ပုစွန်ကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန်အကြီး ၈ ကောင်
  • ဆား လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ဝက်ဆားနယ်ခြောက် ၃ ပြား (၇၀ ဂရမ်)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ခရမ်းချဉ်သီး Ketchup လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်ဥ ၁ လုံး
  • ကြက်သွန်ဖြူ ၁ မြွှာ (နုပ်နုပ်စဉ်းထားပါ)နှင့် ကြက်သွန်နီ ၂ ဥ (ပါးပါးလှီးထားပါ)
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၂ ပင် (တစ်လက်မအရှည် လှီးဖြတ်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်များကို ခေါင်းနှင့် အခွံတို့ချွတ်ပြီး သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ထားပါ။ ထို့နောက် ပုစွန်အပြားလိုက်ပုံသဏ္ဍာန် ဖြစ်သွားအောင် အလယ်တည့်တည့်ကနေ ထက်ခြမ်းခြမ်းပြီးနောက် သွေးကြောကို ဂရုတစိုက် ဖယ်ရှားလိုက်ပါ။

ထို့နောက် ရေဖြင့် ထပ်မံဆေးကြောပါ။ ရေခြောက်အောင် အဝတ်စသန့်သန့်ဖြင့် သုတ်လိုက်ပါ။

၂။ ရရှိလာတဲ့ ပုစွန်အပြားလေးများကို ဆားအနည်းငယ် ဖြူးလိုက်ပါ။ ဝက်ဆားနယ်ခြောက်ကို ပုစွန်ရဲ့အရှည်အတိုင်း လှီးဖြတ်ကာ ပုစွန်အပေါ်တွင် တင်ထားပြီးနောက် ညင်သာစွာ ဖိချလိုက်ပါ။

၃။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ခရမ်းချဉ်သီး Ketchup လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်တို့ထည့်ကာ သမအောင် ရောမွှေထားပါ။

၄။ ထို့နောက် ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီ ပူလာပါက ဝက်သားကပ် ပုစွန်များကို မွှေခလောက်ထားသော ကြက်ဥထဲ ထည့်နှစ်ပြီးတဲ့နောက်မှာ ဆီပူထဲ ထည့်ကြော်လိုက်ပါ။

ထိုကဲ့သို့ ဒယ်အိုးထဲ ထည့်တဲ့အခါ ဝက်သားပြားကို အောက်ခြေမှာထားပြီး ပုစွန်ကို အပေါ်သို့ လှန်ထားရပါမယ်။

၅။ ၆၀ စက္ကန့်၊ ၉၀ စက္ကန့်လောက် ကြော်ပြီးလို့ ဝက်သားက ရွှေညိုရောင် ပြောင်းသွားပါက တစ်ဖက်သို့ လှန်ကာ နောက်ထပ် စက္ကန့် ၃၀ မှ စက္ကန့် ၆၀ အထိ ကြော်ပေးလိုက်ပါ။

ရရှိလာတဲ့ ပုစွန်ကြော်များကို ပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားပါ။

၆။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထပ်ထည့်ပြီး ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ထည့်ကာ စက္ကန့် ၃၀ ခန့် ဆီသတ်ပါ။ ထို့နောက် ဟင်းချက်ဝိုင် ထည့်ပါ။

၇။ စက္ကန့် ၃၀ ခန့် မွှေကြော်ပြီးတဲ့နောက်မှာတော့ ခရမ်းချဉ်သီးဆော့စ် အရောအနှော ထည့်ပြီး သမအောင် မွှေကြော်ပါ။

ကြက်သွန်မြိတ် ထည့်ပြီး ကြော်ပြီးတဲ့နောက်မှာတော့ ပန်းကန်ပြားထဲသို့ ပြောင်းထည့်လိုက်ပါ။

၈။ ထိုကြက်သွန်ကြော်အပေါ်မှာ ဝက်သားကပ် ပုစွန်ကြော်များကို စီစီရီရီ အလှဆင်ထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သားကပ် ပုစွန်ကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Thewoksoflife.com