အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ဝက်သားကပ် ပုစွန်ကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၈ ကောင်
  • ဆားအနည်းငယ်
  • ဝက်သားပြား ၃ ပြား
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ခရမ်းချဉ်သီး Ketchup လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတ်ငဇွန်း ၃ ဇွန်းနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်ကို အခွံချွတ်ပြီး သန့်စင်အောင် ဆေးကြောထားပါ။ ထို့နောက် အလယ်ကနေ ထက်ခြမ်း ခွဲထားလိုကပါ။ ထို့နောက် ဆားအနည်းငယ်ဖြင့် သမအောင် နယ်ထားလိုကပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ခရမ်းချဉ်သီး Ketchup၊ ငရုတ်ကောင်းမှုန့်နှင့် နှမ်းဆီတို့ကို သမအောင် ရောမွှေထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဖွန်းထည့်ပါ။ ဆီပူလာပါက ပုစွန်များကို ကြက်ဥပန်းကန်ထဲ နှစ်ထည့်ပြီးနောက် ဆီပူထဲထည့်ကြော်လိုက်ပါ။ ထို့နောက် ပုစွန်အပေါ်တွင် ဝက်သားပြားများ ကပ်တင်လိုက်ပါ။

၄။ တစ်မိနစ်၊ တစ်မိနစ်ခွဲခန့်ကြော်ပြီးသွားတဲ့အခါ အခြားတစ်ဖက်သို့လှန်ပြီး ဆက်ကြော်ပေးလိုက်ပါ။ ရရှိလာတဲ့ပုစွန်ကြော်ကို ပန်းကန်ပြားထဲပြောင်းထည့်လိုက်ပါ။ ကြက်သွန်မြိတ်လေး ဖြူးထည့်ကာ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါပြီ။

Source: Thewoksoflife.com