အားလုံးပဲ မင်္ဂလာပါ။ ကြက်ကြော် ကြွပ်ကြွပ်လေး ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ထောပတ်အရသာလေး စိမ့်ဝင်နေတဲ့ ကြက်သားကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ (သို့) ကြက်ပေါင် (သို့) ကြက်ရင်အုံ ၂ ပေါင်ခန့်
  • ထောပတ်နွားနို့ စားပွဲတင်ဇွန်း ၃၂ ဇွန်း
  • ကြက်ဥ ၂ လုံး
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးဆော့စ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်နှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၃၂ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ထောပတ်နွားနို့၊ ကြက်ဥ၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးဆော့စ်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို သမအောင် မွှေခလောက်လိုက်ပါ။ ထို့နောက် မုန့်ဖုတ်ပေါင်ဒါနှင့် မုန့်ဖုတ်ဆိုဒါတို့ထည့်ကာ သမအောင် ထပ်မွှေပါ။

အခြားပန်းကန်လုံးထဲတွင်တော့ ဂျုံမှုန့် အဆင်သင့် ထည့်ထားလိုက်ပါ။

၂။ ထို့နောက် ကြက်သားတုံးများကို ဂျုံမှုန့်ဖြင့် ကပ်လိုက်ပါ။ ထို့နောက် ထောပတ်နွားနို့ထဲ ထည့်နှစ်လိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများထည့်ကာ ၇ မိနစ်ခန့် ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့ လှန်ကာ နောက်ထပ် ၃ မိနစ်၊ ၅ မိနစ်ခန့် ကြော်လိုက်ပါ။

ကြက်သားတုံးများ ရွှေညိုရောင် ပြောင်းသွားပါက ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ထောပတ်အရသာ ကြက်သားကြော်များ ရရှိသွားပါပြီ။

Source: Jocooks.com