အားလုံးပဲမင်္ဂလာပါနော်။ ပြုလုပ်ရလွယ်ကူပြီး စားရတာ အရသာရှိတဲ့ ဂေါ်ဖီထုပ် ပဲကြာဇံကြော် ကြော်နည်းကို မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ပဲကြာဇံ အခြောက်အသေးတစ်ထုပ်
  • ဂေါ်ဖီထုပ်တစ်ခြမ်း
  • ကြက်ဥ ၂ လုံး
  • ဆား
  • နှမ်းဆီ၊ ဝိုင်အနည်းငယ်

  • ငရုတ်သီးအစပ်သီးအခြောက်ကြော်
  • ကြက်သွန်ဖြူ ၂ မွှာ တောက်တောက်စဉ်းပါ
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးပါ)
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ပဲငံပြာရည် အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ပဲကြာဇံကို ရေစိမ်ထားပေးလိုက်ပါ။

နူးပြီဆိုရင် ကိုယ်စားမယ့်အရွယ်အစားလိုက်လှီးပေးလိုက်လို့ရပါတယ်။

ဂေါ်ဖီထုပ်ကို ပါးပါးလှီးပါ။

ကြက်ဥကို ဆားနဲ့ ခလောက်လိုက်ပြီး ဆီနဲ့အရင်ကြော်ပေးလိုက်ပါ။

ပြီးရင်ဖယ်ထားလိုက်ပါ။

အိုးထဲကိုဆီထပ်ထည့်ညပီးငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်တို့ကို ကြော်လိုက်ပါ။

ဂေါ်ဖီထုပ်ထည့်လိုက်ပြီး သေချာမွှေပေးလိုက်ပါ။ ကြာဇံထည့်လိုက်ပါ။ ကြက်ဥကြော်ထည့်ပါ။

ဆားထပ်ထည့်ပါ။ ဝိုင်ထည့်ပါ။ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်ထည့်လိုက်ပြီး သေချာမွှေပေးပါ။

ရပြီဆိုရင်တော့ သုံးဆောင်လို့ရပါပြီနော်။

Source: www.thewoksoflife.com

By: MyFood Myanmar