မိသားစုနဲ့အတူ အိမ်မှာ မုန့်လုပ်စားချင်သူများအတွက် ထူးထူးဆန်းဆန်းလေးနဲ့ အရသာရှိတဲ့ Cabbage patties ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ ဂေါ်ဖီကို အဓိကသုံးထားတာပါ။ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့အတွက် ကလေးလူကြီးမရွေး စားသုံးနိုင်ပါတယ်။

ဂေါ်ဖီတစ်ခြမ်းကို ပါးပါးလှီးပြီး ၁၀ မိနစ်လောက် ရေထည့်ပြုတ်ပေးပါ။ အချိန်ပြည့်ရင် ပန်းကန်ထဲဆယ်ထုတ်၊ ရေစစ်ပြီး အအေးခံထားပါ။

ကြက်သွန်နီ ၂ လုံးကို သေးသေးလေးတွေဖြစ်အောင် လှီးပြီး နုတ်နုတ်စဉ်းပါမယ်။ ကြက်သွန်ဖြူ ၂ တက်ကိုလည်း နုတ်နုတ်စဉ်းပါမယ်။

နံနံပင် လက်တစ်ဆုပ်စာကို လှီးပြီး နုတ်နုတ်စဉ်းပါမယ်။

အားလုံးပြီးရင် ဒယ်အိုးထဲကို ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး လှီးထားတဲ့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတွေထည့်ပြီး ကြော်ပါမယ်။

ကြော်ပြီးရင် ပန်းကန်လုံးအကြီးထဲကို ခူးထည့်ပါ။ အဲ့ပန်းကန်လုံးထဲကိုပဲ ရေစစ်ထားတဲ့ ဂေါ်ဖီတွေ ထည့်ပါမယ်။ ကြက်ဥ ၂ လုံးဖောက်ထည့်ပါမယ်။ ရွှေကြည်ဆန်အမှုန့် – ၅၆ ဂရမ်ထည့်ပါမယ်။

လှီးထားတဲ့ နံနံပင်တွေထည့်ပြီး ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ပြီး သမအောင်နယ်ပါ။ နယ်ပြီးရင် ၁၀ မိနစ်လောက် ထားထားလိုက်ပါ။

အချိန်ပြည့်ရင်တော့ လက်နဲ့ အလုံးလေးတွေဖြစ်အောင် ပုံသွင်းပေးပါ။

အားလုံးပြီးရင် အိုးထဲဆီထည့်ပြီး ကြော်လိုက်ရုံပါပဲ။

ကြော်ပြီးရင်တော့ ပန်းကန်ထဲခူးထည့်ပြီး ကိုယ်နှစ်သက်ရာအချဉ်နဲ့ တို့စားနိုင်ပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ Cabbage patties ကို ရရှိသွားပါပြီ။

Source: www.thecookingfoodie