ပါဝင်ပစ္စည်းများ
- ပြည်ကြီးငါး
- ဆား
- ငါးငံပြာရည်
- သံပုရာသီး
- သကြား
- ငြုပ်သီးမှုန့်
- ကြက်သွန်နီ
- မုန်လာဥနီ
- ဆလက်ရွက်
- ပင်စိမ်းရွက်
- နံနံပင်
ပြင်ဆင်ပြုလုပ်နည်း
- ပြည်ကြီးငါးများကို အကွင်းလိုက် လှီး ၊ ဆားရည်ဖြင့် စင်အောင် ဆေးပြီး ရေဖြင့် ပြန်ဆေးပါ ။
- ပွက်ပွက် ဆူနေသော ရေနွေးထဲသို့ စက္ကန့် ၃၀ ထည့်ပြုပ်ပြီး ဆယ်ယူကာ ဇကာဖြင့် စစ်ထားပါ ။
- ကြက်သွန်နီ ၊ မုန်လာဥနီ ၊ ဆလက်ရွက် ၊ ပင်စိမ်းရွက် ၊ နံနံပင် တို့ကို ရေဆေးပြီး အသင့် လှီးထားပါ ။
- ထို့နောက် ရေစစ်ထားသော ပြည်ကြီးငါး နှင့် အသင့် လှီးထားသော အရွက်များ ရော၍ ဆား ၊ ငါးငံပြာရည် ၊သံပုရာသီး ၊ သကြား ၊ ငြုပ်သီးမှုန့် တို့အား ထည့်ပြီး ဖြေးညှင်းစွာနယ်၍ စားသုံးနိုင်ပါသည် ။ (ချယ်ရီ ခရမ်းချဉ်သီး ၊ ငရုပ်သီးစိမ်း) တို့ ထည့်ပြီးလည်း သုံးဆောင်နိုင် ပါသည် ။
Credit: ZTT