အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ ပြည်ကြီးငါးကပ်ကာ ကြော်ထားတဲ့ ပေါင်မုန့်ကြွပ်ကြော်လေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြည်ကြီးငါး ၁ ပေါင်
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

  • ပေါင်မုန့် ၈ ချပ်
  • ကြော်ရန်ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပြည်ကြီးငါးများကို ရေဆေးသန့်စင်ထားပါ။ ထို့နောက် ရေ ခြောက်အောင် သုတ်ထားလိုက်ပါ။

၂။ ထို့နောက် ပြည်ကြီးငါး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပြောင်းမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ကို သမအောင် ကြိတ်ပေးလိုကပါ။

၃။ ပေါင်မုန့်များကို စတုရန်းပုံ (သို့) တြိဂံပုံ စသည်ဖြင့် မိမိနှစ်သက်ရာပုံသဏ္ဍာန် လှီးဖြတ်ထားပါ။

၄။ ထို့နောက် စောစောက ပြည်ကြီးငါးများကို ပေါင်မုန့်ရဲ့တစ်ဖက်တစ်ချက်စီပေါ်သို့ သုတ်လိမ်းပေးလိုက်ပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ပြည်ကြီးငါး ပေါင်မုန့်များကို ဆီပူထဲထည့်ကာ ရွှေညိုရောင် ပြောင်းလာသည်အထိ ကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပြည်ကြီးငါး ပေါင်မုန့်ကြွပ်လေး ရရှိသွားပါပြီ။

Source: Delightfulplate.com