အားလုံးပဲ မင်္ဂလာပါ။ အစပ်အဟပ်တည့်တဲ့ ဟင်းလျာမျိုးကိုမှ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ သရက်သီးသုပ်နဲ့ လိုက်ဖက်တဲ့ ငါးကြော်ဟင်းပွဲ ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးအသားပြား ၁ ပေါင် (မိမိကြိုက်နှစ်သက်ရာ ငါးအမျိုးအစားကို ရွေးချယ်နိုင်ပါတယ်)
  • သရက်သီး အစိမ်း ၁ လုံး
  • ဆား
  • ငရုတ်ကောင်းမှုန့်
  • ဟင်းချက်ဆီ

  • နံနံပင်

အချဉ်ရည် ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွ
  • သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖ်ကရည်ဇွန်း ၁ ဇွန်း

  • ငရုတ်သီးစိမ်း ၁ တောင့် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သရက်သီးကို အခွံခွာပြီးနောက် အချောင်းလိုက် ပါးပါးလှီးထားပါ။

၂။ အချဉ်ရည် ပြုလုပ်ရန်အတွက် ဒယ်အိုးကို အပူပေးပါ။ ရေ၊ ငါးငံပြာရည်၊ သကြားတို့ထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ပါ။ ထို့နောက် ပန်းကန်လုံးထဲသို့ ပြောင်းထည့်ကာ အအေးခံထားပါ။

အေးသွားပြီဆိုမှ သံပုယိုရည်၊ ကြက်သွန်ဖြူနှင့် ငရုတ်သိမ်းစိမ်းတို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၃။ ငါးအသားလွှာကိုတော့ ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ထားလိုက်ပါ။

ဒယ်အိုးကို အပူပေးပြီး ဆီများများထည့်ပါ။ ဆီပူလာပါက ငါးအသားလွှာထည့်ကာ ရွှေရောင်ပြောင်းသွားသည်အထိ ကြော်လိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ ကြွပ်သွားသည်အထိ ကြော်ပါ။

၄။ ရရှိလာတဲ့ ငါးကြော်ကို ထမင်းပန်းကန်ထဲ ပုံထားပါ။ သရက်သီးများကိုလည်း ငါးကြော်ဘေးနား ပုံထားလိုက်ပါ။ ထို့နောက် နံနံပင် အနည်းငယ် ဖြူးထည့်လိုက်ပါ။ နောက်ဆုံးကျမှ ဖျော်ထားသော အချဉ်ရည်ကို ဆမ်းထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ သရက်သီးသုပ် ငါးကြော်ဟင်းလေး ရရှိသွားပါပြီ။

Source: Delightfulplate.com