အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ချဉ်ချဉ်စပ်စပ်နဲ့ စားလို့ကောင်းတဲ့ ပြည်ကြီးငါးပေါင်းဟင်းလျာ ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြည်ကြီးငါး အကြီး ၂ ကောင်
  • ငရုတ်သီးစိမ်း ၆ တောင့်
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • သံပုရာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း

  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နံနံပင် စားပွဲတင်ဇွန်း ၄ ဇွန်း
  • အလှဆင်ရန်အတွက် သံပုရာသီးစိပ် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပြည်ကြီးငါးများကို ရေဆေး သန့်စင်အောင် ပြုလုပ်ပြီးနောက်မှာတော့ တစ်လက်မအကျယ်ခန့် လှီးဖြတ်ထားပါ။

ထို့နောက် အသင့်ပြင်ထားသော ပေါင်းအိုးထဲထည့်ကာ ၁၀ မိနစ်ခန့် မီးပြင်းပြင်းဖြင့် ပေါင်းလိုက်ပါ။

၂။ ငါးပေါင်းစဉ်မှာ ချဉ်စပ်ဆော့စ် ပြုလုပ်ရပါမယ်။

သံပိုရာရည်၊ ငါးငံပြာရည်၊ သကြား၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် နံနံပင် ပေါင်းထည့်ကာ ထပ်မွှေပါ။

၃။ ပြည်ကြီးငါး ပေါင်းပြီးသွားတဲ့အခါမှာတော့ ပန်းကန်ပြားထဲ စီစီရီရီ ပြောင်းထည့်ထားလိုက်ပါ။ ထို့နောက် စောစောက ဖျော်ထားသော ချဉ်စပ်ဆော့စ်များကို အပေါ်ကနေ ဆမ်းထည့်လိုက်ပါ။

နောက်ဆုံးကျမှ သံပုရာသီးစိပ်လေးများဖြင့် အလှဆင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချဉ်စပ် ပြည်ကြီးငါးပေါင်း ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Siamsizzles.com