ဝက်သားပဲငါးပိ ၊ ကြက်သားပဲငါးပိ စတဲ့ဟင်းတွေကို ရိုးသွားပြီး ပင်လယ်စာလေးကိုမှ စားချင်တဲ့သူတွေအတွက် ပြည်ကြီးငါးပဲငါးပိလုပ်နည်း လေးကို တင်ဆက်ပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပြည်ကြီးငါး – ၂ကောင်
- ငရုတ်သီးအခြောက်တောင့် – ၅တောင့်
- ငရုတ်ပွ – ၁ ထောင့် (လေးထောင့်ပုံလေးများ လှီးထားပါ)
- ခရမ်းချဉ်သီး – ၁လုံး (၆ စိပ် စိပ်ထားပေးပါ)
- ကြက်သွန်ဖြူ – ၃ဥ
- ပဲငါးပိ – စားပွဲတင်ဇွန်း ၁ဇွန်း
- ပဲငံပြာရည်အကြည် – စားပွဲတင်ဇွန်း ၁ဇွန်း
- ကြက်သားမှုန့် – အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
- ပထမဦးစွာ ပြည်ကြီးငါးထဲက အညစ်အကြေးများကို သန့်ရှင်းပေးပြီး အကွင်းလေးများ လှီးထားပါ ။ ပြီးရင် ပြည်ကြီးငါးကို ရေနွေးပူပူတွင် ခဏစိမ်ထားပြီး ရေစစ်ထားပါ။
- ငရုတ်သီးအခြောက်တောင့်ကို ဆီပူထဲတွင် ထည့်ကြော်ပါ ။ ပြီးရင် ကြက်သွန်ဖြူကို ဓားပြားရိုက် ဆီသတ်ပြီး ပြည်ကြီးငါးထည့်ပါ ။ ငရုတ်ပွ တောင့် လှီးထားတာကို ထည့်ပါ။
- ၃ မိနစ်လောက် အဖုံးအုပ်ထားပြီးရင် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဇွန်း ၊ ပဲငပိ စားပွဲတင်ဇွန်း တစ်ဇွန်း ၊ ကြက်သားမှုန့်နှင့် ခရမ်းချဉ်သီးစိတ်ထားတာလေးများကို ထည့်ပါ ။ ၂မိနစ်လောက် ချက်ပြီးရင်တော့ ပင်လယ်စာကြိုက်သူများအတွက် ပြည်ကြီးငါး ပဲငါးပိဟင်းလေးတစ်ခွက်ရပါပြီ။
Credit : Goodymyanmar