တူနာငါးမှာ ဇင့်ဓာတ်၊ မဂ္ဂနိစ်ဓာတ်၊ ဗီတာမင် စီနဲ့ စီလီယမ်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်တဲ့အတွက်ကြောင့် ပုံမှန်မှီဝဲစားသုံးပါက ကျန်းမာရေးအတွက် ကောင်းမွန်ပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ Omega-3 Fatty အက်စစ်ပါဝင်တဲ့အတွက်ကြောင့် နှလုံးကျန်းမာရေးအတွက်လည်း အထူးသင့်တော်ပါတယ်။

ဒီလိုကျန်းမာရေးနဲ့ညီညွှတ်တဲ့ တူနာငါးကို ကြော်စား၊ ချက်စားလို့ရပြီး အရသာရှိရှိလည်း သုပ်စားလို့ရပါတယ်။ ဒါ့ကြောင့် ဆွေမျိုးမေ့သွားလောက်တဲ့အထိ အရသာရှိတဲ့ တူနာငါးသုပ်ကို ဘယ်လိုပြုလုပ်ရမလဲဆိုတာကို အတူတူဆက်လေ့လာကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

  • တူနာငါး စည်သွပ်ဘူး ၂ ဘူး
  • တရုတ်နံနံ ၁ စည်း
  • ပါးပါးလှီးထားသော သခွားသီး ဆားရည်စိမ် စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ
  • ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ

Tuna Can

  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ပါးပါးလှီးထားသော နံနံပင် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • သံပုယိုရည် စားပွဲတင်ဇွန်း တစ်ဝက်

  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ဆား လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • မိရောနိစ် စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

တူနာငါးများကို ပန်းကန်လုံးအကြီးတစ်လုံးထဲသို့ထည့်ပြီး ခက်ရင်းလေးနဲ့ ထိုးဆွပေးလိုက်ပါ။

တရုတ်နံနံ၊ သခွားသီး ဆားရည်စိမ်နှင့် ကြက်သွန်နီများကို ပါးပါးလှီးထားပါ။ ကြက်သွန်မြိတ်နှင့် နံနံပင်တို့ကိုလည်း ခပ်ပါးပါးလှီးဖြတ်ထားပါ။

မိရောနိစ်မှလွဲ၍ အခြားသော ပါဝင်ပစ္စည်းများ အားလုံး (တရုတ်နံနံ၊ သခွားသီး ဆားရည်စိမ်၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ နံနံပင်၊ သံပုယိုရည်၊ ငရုတ်ကောင်းမုန့်၊ ဆား) ကို တူနာငါးထည့်ထားသော ပန်းကန်လုံးထဲသို့ ထည့်ပြီး သမအောင် နယ်ပေးလိုက်ပါ။

နောက်ဆုံးအဆင့်ကျမှ မိရောနိစ်ထည့်ပြီး သမအောင် ထပ်နယ်ပေးလိုက်ပါ။

ပြီးတဲ့အခါ ပန်းကန်ပြားလေးထဲထည့်ပြီး ထမင်းနဲ့ အရသာရှိရှိသုံးဆောင်လို့ရပါပြီ။

Source: www.mydeliciousmeals.com