မနက်စာအတွက် ဘယ်လိုထမင်းကြော် ကြော်စားရမလဲဆိုတဲ့ ဦးနှောက်ခြောက်နေပါသလား။ ကြက်သားနဲ့ ငါး နှစ်မျိုးစလုံးပါဝင်တဲ့ ထမင်းကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၁ တုံး (ကုဗတုံးငယ် ပုံသဏ္ဍာန် တုံးပြီးတဲ့နော်ကမှာ နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ပဲငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲတို့ဖြင့် သမအောင် ရောမွှေပြီးတဲ့နောက်မှာ ၁၅ မိနစ်ခန့် နှပ်ထားလိုက်ပါ။)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ပင်လယ်ငါး ၃ ကောင် (အရိုးနွှင်ကာ ကုဗတုံးငယ်ပုံသဏ္ဍာန် လှီးဖြတ်ထားပါ)
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ထမင်း ပန်းကန်လုံး ၅ လုံးစာ
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆားအနည်းငယ်
  • ဆလပ်ရွက် ၆ ရွက်ခန့် (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများကို ရွှေညိုရောင် သမ်းလာသည်အထိ ကြော်ပေးလိုက်ပါ။ ထို့နောက် ကြက်သားကြော်ကို ပန်းကန်လုံးထဲ ပြောင်းထည့်ထားပါ။

၂။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထပ်ထည့်ပြီးနောက် ဆီပူလာပါက ကြက်သွန်နီထည့်ကာ ဆီသတ်ပါ။ ထို့နောက် ငါးထည့်ပြီးနောက် ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ ထို့နောက် ထမင်းထည်ကာ သမအောင် မွှေကြော်ပါ။ ကြက်သားထည့်ပြီးနောက် သမအောင် မွှေကြော်ပေးရပါဦးမယ်။ ထို့နောက် ဟင်းချက်ဝိုင်၊ နှမ်းဆီနှင့် ဆားတို့ထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ ၁ မိနစ်ခန့် မွှေကြော်ပြီးတဲ့နောက်မှာတော့ ဆလပ်ရွက်နှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး နောက်ဆုံးတစ်ကြိမ်ခန့် သမအောင် မွှေကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သား ငါးထမင်းကြော်လေး ရရှိသွားပါပြီ။ မြိန်ယှက်စွာဖြင့် အားရပါးရ သုံးဆောင်လိုက်ပါ။

Source: Thewoksoflife.com