အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ကြက်ခြေထောက်စွပ်ပြုတ် ပြင်ဆင်ချက်ပြုတ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေညှိခြောက် ၁၅ ဂရမ်
  • အခွံခွာထားသော မြေပဲအစိမ်း ၁၅၀ ဂရမ်
  • ကြက်ခြေထောက် ၇၀၀ ဂရမ်
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဂျင်း ၄ ပြား

  • ရေ ၂၈၀၀ မီလီလီတာ
  • ဆားအနည်းငယ်
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ရေညှိအခြောက်ကို ရေထဲတွင် ၁ နာရီခန့် စိမ်ထားလိုက်ပါ။ မြေပဲကို ရေဖြင့် စင်ကြယ်အောင် ဆေးထားလိုက်ပါ။

၂။ ကြက်ခြေထောက်ကို ရေဆေးပြီးနောက် ကြက်ခြေသည်းများကို လှီးထုတ်ထားပါ။ ထို့နောက် အိုးထဲသို့ ကြက်ခြေထောက်များထည့်ကာ ရေထည့်ထားလိုက်ပါ။ ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီးနောက် ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ဆူပွက်လာပါက ရေကို သွန်ပစ်ပြီးနောက် ကြက်ခြေထောက်ကို ထပ်မံဆေးကြောပေးလိုက်ပါ။

၃။ ထို့နောက် ကြက်ခြေထောက်ကို အိုးထဲသို့ ပြန်ထည့်ကာ ရေညှိ၊ မြေပဲ၊ ဂျင်းနှင့် ရေ ၂၈၀၀ မီလီလီတာတို့ထည့်ကာ အိုးအဖုံးအုပ်ပြီးနောက် မီးပြင်းပြင်းဖြင့် တည်ထားလိုက်ပါ။

၄။ ပွက်ပွက်ဆူလာတဲ့နောက်မှာတော့ မီးအပူချိန်ကို အလယ်အလတ်အပူချိန်သို့ လျှော့ချပြီးနောက် အဖုံးဖွင့်လျက်သားဖြင့် မိနစ် ၂၀ ခန့် တည်ထားလိုကပါ။

၅။ ထို့နောက် မီးအပူချိန်ကို အနိမ့်ဆုံးသို့ လျှော့ချပြီးနောက် နောက်ထပ် ၂ နာရီခန့် တည်ထားရပါမယ်။ ဒါမှ ကြက်ခြေထောက်တွေက နူးအိသွားမှာပါ။ ကြက်ခြေထောက်များ နူးအိသွားမှ ဆားအနည်းငယ်ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

မီးဖိုပေါ်က ချခါနီးကျမှ ကြက်သွန်မြိတ်များ ထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ခြေထောက်စွပ်ပြုတ်လေး ရရှိသွားပါပြီ။

Source: Thewoksoflife.com