အားလုံးပဲ မင်္ဂလာပါ။ အမဲသားဟင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အမဲသားစဉ်းကော ကြက်ဥ Half-Fried ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မြေပဲဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (နုပ်နုပ်စဉ်းထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲလုံးစိမ်း ၂၂၅ ဂရမ်

  • အမဲသား ၄၅၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၅ လုံး

ဆော့စ် ပြုလုပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများ

  • ကြက်ပြုတ်ရည် (သို့) အမဲသားပြုတ်ရည် ၅၀၀ မီလီလီတာ
  • ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ပြုတ်ရည် (သို့) အမဲသားပြုတ်ရည်၊ ခရုဆီ၊ ဟင်းချက်ဝိုင်၊ ပဲငံပြာရည်အကြည်နှင့် အနှောက်၊ ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက အမဲသားထည့်ပြီး အညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။ ထို့နောက် ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ အဆင့် (၁) က ပြုလုပ်ထားသော ဆော့စ်များထည့်ကာ မွှေပြီးနောက် အိုးအဖုံးပိတ်ကာ ၁၀ မိနစ်ခန့် တည်ထားလိုက်ပါ။

ထိုအချိန်တွင် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၄ ဇွန်းဖြင့် သမအောင် မွှေထားလိုက်ပါ။

၆။ အမဲသား ကျက်သွားပြီဆိုရင်တော့ ပဲလုံးစိမ်းထည့်ပါ။ ပြောင်းမှုန့်နှင့် ရေ အရောအနှောထည့်ကာ သမအောင် မွှေပြီးနောက် အရည်များ ပျစ်သွားသည်အထိ တည်ထားလိုက်ပါ။

၇။ ကြက်ဥ ၅ လုံးကို ဒယ်အိုးထဲသို့ ဖောက်ထည့်ပြီးနောက် Half-Fried ကြော်ပေးလိုက်ပါ။ ၂ မိနစ်၊ ၃ မိနစ်ခန့် ပြည့်သွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ထို့နောက် အသင့်ပြင်ထားသော ထမင်းပန်းကန်ထဲသို့ အမဲသားစဉ်းကော ကြက်ဥကြော်လေး ထည့်ကာ အားရပါးရ သုံးဆောင်နိုင်ပါပြီ။

Source: Omnivorescookbook.com