အားလုံးပဲ မင်္ဂလာပါ။ ပူတင်းကြိုက်နှစ်သက်သူများအတွက် နို့ကြက်ဥပူတင်း ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နွားနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ခရင်မ် စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်ဥအကာ ၂ လုံး (မွှေခလောက်ထားပါ)
  • Vanilla Extract ၃ စက်ခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပေါင်းအိုးထဲသို့ ရေထည့်ထားပြီး ဆူပွက်လာအောင် တည်ထားပါ။ ထိုအချိန်တွင် ဒန်အိုးတစ်လုံးထဲသို့ နွားနို့၊ ခရင်မ်၊ သကြားတို့ထည့်ပြီး မီးအေးအေးဖြင့် တည်ထားလိုက်ပါ။ နွားနို့ နွေးလာတယ်ဆိုရုံလောက်သာ တည်ရပါမယ်။ တအားကြီး ဆူပွက်မလာပါစေနဲ့။

၂။ ပန်းကန်လုံးတစ်လုံးထဲမှာ ကြက်ဥအကာကို မွှေခလောက်ထားပြီးနောက် စောစောက နွားနို့နွေးနွေးလေးကို ကြက်ဥပန်းကန်ထဲထည့်ကာ ထပ်မံမွှေခလောက်ပေးလိုက်ပါ။ Vanilla Extract ထည့်ပြီး ထပ်မံမွှေခလောက်ပေးရပါမယ်။

၃။ ရရှိလာတဲ့ ကြက်ဥနွားနို့အရောအနှောကို အပူဒဏ်ခံနိုင်သော ပန်းကန်လုံးထဲသို့ ဆန်ခါတစ်ဆင့်ခံပြီး ပြောင်းထည့်လိုက်ပါ။

၄။ ထို့နောက် ထိုပန်းကန်လုံးကို အပေါ်မှ ခဲဖတ်ဖြင့် အုပ်ထားလိုက်ပါ။ (ပန်းကန်လုံးက သေးတယ်ဆိုရင်တော့ အခုလိုပဲ သုံးလုံးခွဲထည့်နိုင်ပါတယ်။)

၅။ ထိုခဲဖတ်အုပ်ထားသော ပန်းကန်လုံးများကို ပေါင်းအိုးထဲတွင် ၈ မိနစ်၊ ၁၀ မိနစ်ခန့် ထည့်ပေါင်းပေးလိုက်ပါ။ အချိန်ပြည့်ပါက မီးပိတ်ပြီးနောက် ပေါင်းအိုးထဲတွင်ပင် နောက်ထပ် ၁၀ မိနစ်ခန့် ထားထားပေးရပါမယ်။

၆။ ပြီးမှ ပေါင်းအိုးထဲကထုတ်ပြီး ခဲဖတ်ကို ဖယ်ရှားလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ နို့ကြက်ဥပူတင်းလေး ရရှိသွားပါပြီ။ သူ့ချည်းပဲ စားလို့လည်း အရသာရှိသလို မိမိကြိုက်နှစ်သက်ရာ သစ်သီးတစ်မျိုးမျိုးထပ်ထည့်ပြီးလည်း စားသုံးနိုင်ပါသေးတယ်။

Source : Thewoksoflife.com