အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာလေးကတော့ ပန်းသီးကိတ်အချိုပွဲ ပြင်ဆင်ပြုလုပ်နည်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့်နှင့် ထောပတ် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • သကြားညို လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပန်းသီးဆော့စ် စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

  • နွားနို့ စားပွဲတင်ဇွန်း ၁ ဇွန်း
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • လေးထောင့်အတုံးငယ် လှီးဖြတ်ထားသော ပန်းသီး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သကြားရည် ပြုလုပ်ရန်အတွက် ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဂျုံမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ထောပတ်နှင့် သကြားညိုတို့ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။

၂။ ထို့နောက် ကိတ်မုန့်ဖုတ်မယ့် ဖန်ခွက်ထဲသို့ ဂျုံမှုန့်၊ သကြား၊ မုန့်ဖုတ်ပေါင်ဒါတို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၃။ ထို့နောက် ပန်းသီးဆော့စ်ထည့်ကာ သမအောင် ရောမွှေပါ။ ထို့နောက် နွားနို့နှင့် လေးထောင့် ပန်းသီးစိပ်လေးများ ထည့်လိုက်ပါ။

၄။ ထို့နောက် မိုက်ခရိုဝေ့ဖ်ထဲထည့်ကာ ၁ မိနစ်ခန့် ထည့်ဖုတ်လိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ပန်းသီးကိတ်လေး ရရှိသွားပါပြီ။ အဆင့် (၁) က ပြုလုပ်ထားသော သကြားရည်လေး ထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Thespruceeats.com