ပူတင်းကြိုက်တဲ့သူတွေအတွက် အရသာရှိပြီး ချိုချိုစိမ့်စိမ့်လေးနဲ့ စားလို့ကောင်းတဲ့ Caramel ပူတင်းကိတ်ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာနည်းနည်းကြာပေမယ့် အရမ်းလွယ်ပါတယ်။

ဒယ်အိုးကိုမီးဖိုပေါ်တင်ပြီး သကြား – ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာထည့်ပြီး အရည်ပျော်အောင်တည်ထားပါ။ သကြားအရည်ပျော်သွားရင် နည်းနည်းမွှေပေးပါ။ သေချာအရည်ပျော်သွားပြီဆိုရင် ကိတ်မုန့်လုပ်တဲ့ ၆ လက်မအရွယ် Pan ထဲထည့်ပေးပါ။

ပေါင်မုန့် ၆ ချပ်ကို ဘေးသားတွေဖယ်ပြီး သေးသေးလေးတွေလှီးကာ Blender ထဲထည့်ကြိတ်ပါ။ ပန်းကန်လုံးလေးထဲကို custard powder – လက်ဖက်ရည်ဇွန်း ၄ ဇွန်း ထည့်ပါ။ ရေကို ခွက်တစ်ဝက်စာထည့်ပြီး သေချာမွှေပါ။

နောက်ထပ်အိုးတစ်အိုးကို မီးဖိုပေါ်တင်ပြီး အိုးထဲကို နွားနို့ – ခွက်တစ်ဝက်စာထည့်ပြီး သကြား – ခွက်တစ်ဝက်စာထည့်ပြီး မွှေပေးပါ။ နွားနို့ဆူလာပြီဆိုရင် ခုနကရေထည့်မွှေထားတဲ့ custard powder တွေကို ထည့်ပေးပါ။

နည်းနည်းပျစ်လာပြီဆိုရင် Blender ထဲထည့်ကြိတ်ထားတဲ့ ပေါင်မုန့်တွေကို ထည့်မွှေပါမယ်။

အကုန်လုံးထည့်လိုက်တာမျိုးမလုပ်ပဲ တစ်ဇွန်းချင်းစီထည့်ထည့်ပြီး မွှေပေးပါ။

အားလုံးထည့်ပြီး သေချာမွှေပြီးပြီဆိုရင် သကြားရည်ထည့်ထားတဲ့ Pan ထဲထည့်ပါတော့မယ်။ ထည့်ပြီးရင် ဇွန်းနဲ့ညီအောင်ညှိလိုက်ပါ။ ပြီးတာနဲ့ ခဲပတ်အုပ်ပြီး အိုးတစ်လုံးထဲကို ရေနွေးထည့်ပါ။ တင်ဖိုးတစ်ခုခုထည့်ပြီး ခဲပတ်အုပ်ထားတဲ့ Pan ကိုတင်ကာ အဖုံးအုပ်တည်ထားပါ။ မိနစ် ၃၀ လောက် ထည့်ပေါင်းထားပါ။

အချိန်ပြည့်ရင် ခဏအအေးခံထားပြီး အေးပြီဆိုမှ ခဲပတ်ကိုဖယ်ပါ။ ပြီးရင် ပန်းကန်ပြားထဲကို မှောက်ချလိုက်ပါ။ ဒါမှ ပုံမပျက်ပဲ လှနေမှာပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ Caramel ပူတင်းကိတ်ကို ရရှိသွားပါပြီ။

Source: www.yummy