အားလုံးပဲမင်္ဂလာပါ။ ဝက်နံရိုးကင်ဆိုတာ တော်တော်များများ ကြိုက်ကြတဲ့အစားအစာတစ်ခုဆိုရင်မမှားပါဘူး။စားသောက် ဆိုင်ကြီးတွေမှာ ဈေးကြီးပေးစားရတဲ့ ဝက်နံရိုးကင်ကို အိမ်မှာ ပဲလွယ်လွယ်ကူကူအရသာရှိစွာလုပ်စားချင်ရင်တော့ နည်းလမ်းလေးညွှန်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး ၃ ကီလိုဂရမ်
  • သကြားအညို ၃၀၀ ဂရမ်
  • ပဲငံပြာရည် ၆ ဇွန်း
  • ဂျင်း ၁ တက်
  • ကြက်သွန်ဖြူ ၅ မွှာ
  • နှမ်းစေ့ ၂ ဇွန်း
  • ဆား ၁ ဇွန်း
  • ငရုပ်ကောင်း ၁ ဇွန်း
  • နှမ်းဆီအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

(၁) ပထမဦးဆုံး ဝက်နံရိုးကိုရေဆေးသန့်စင်ပြီး သကြားတစ်ဇွန်း ဆားအနည်းငယ် ငရုပ်ကောင်းမှုန့်အနည်းငယ်နဲ့ အရသာဝင်အောင် နယ်ပြီးနှပ်ထားပေးရပါမယ်။

(၂) ဝက်နံရိုးနှပ်ထားစဉ်အတွင်း သကြားကြိုဖို့ ဒယ်အိုးကို မီးခပ်အေးအေးနဲ့ အပူပေးရပါမယ်။ပြီးရင်တော့ သကြားညိုနှင့် ရေ ၂၀၀ မီလီလီတာခန့်လောက်ထည့်ပြီး သကြားများပျော် သွားသည်အထိ ကြိုပေးရပါမယ်။သကြားကြိုနေချိန်မှာသကြားများကပ်မသွားစေဖို့ မကြာခဏမွှေပေးဖို့ကိုလည်းသတိပြုပါ။

(၃) ၇ မိနစ်ခန့်ကြိုပြီး သကြားများအရည်ပျော်ကာ ရွှေအိုရောင်သန်းလာပြီဆိုရင်တော့ ပဲငံပြာရည် ၆ ဇွန်းနဲ့ နှမ်းဆီအနည်းငယ်ထည့်ပြီး ဒယ်အိုးကိုအနည်းငယ်လှုပ်ပေးရပါမယ်။ပြီးရင်တော့ ဂျင်းကိုအရှည်လိုက်မထူးမပါးလေးလှီးပြီး နုပ်နုပ်ဆင်းထားတဲ့ကြက်သွန်ဖြူတို့ကို ခုနကသကြားကြိုထားတဲ့ဒယ်အိုးအတွင်းသို့ထပ်ထည့်ပေးရပါမယ်။၂ မိနစ်ခန့် ဆီသပ်ပြီးရင်တော့ မီးပိတ်လိုက်လို့ရပါပြီ။

(၄) နောက်တစ်ဆင့်အနေနဲ့က ဒယ်အိုးအလွှတ်တစ်ခုအတွင်း နှမ်းစေ့လေးတွေထည့်ပြီး ၂ မိနစ်ခန့်မီးအေးအေးဖြင့်လှော်ပေးရပါမယ်။ပြီးရင်တော့ နှပ်ထားတဲ့ဝက်နံရိုးအပေါ်မှာဂျင်းနဲ့ကြက်သွန်ဖြူအနည်းငယ်တင်ပြီး Oven အတွင်း အပူချိန် ၁၅၀ ဒီဂရီစင်တီဂရတ်ဖြင့် မိနစ် ၂၀ ခန့် ကင်ပေး ရပါမယ်။

(၆) အချိန်စေ့ပြီဆိုရင်တော့ နောက်ထပ်အကင်လင်ဗန်းအပေါ်မှာ ဆီစိမ်စက္ကူကိုခင်းလိုက်ပါ။ပြီးရင်ခုနကကင်ထားတဲ့ နံရိုးလေးတွေကို ဆီစိမ်စက္ကူခင်းထားတဲ့လင်ဗန်းအပေါ်ပြောင်းထည့်လိုက်ပါ။ပြီးရင်တော့ ဆီသပ်ထားတဲ့ ပဲငံပြာရည် သကြားအနှစ်လေးကို ဝက်နံရိုးအပေါ်မှာ မီးဖိုးချောင်သုံးစုပ်တံလေး အသုံးပြုပြီး သေချာလေးသုပ်ပေးရပါမယ်။

(၇) ဝက်နံရိုးအားလုံး ပဲငံပြာရည်သကြားအနှစ်သုပ်ပြီးပြီဆိုရင်တော့ Oven အတွင်း အချိန် ၁ နာရီခန့်ကင်ပေးပါ။အချိန်စေ့ပြီဆိုရင် Oven အတွင်းမှထုတ်ပြီး ကျန်နေသေးတဲ့ ပဲငံပြာရည် သကြားအနှစ်လေးကို ဝက်နံရိုးအာလုံးအပေါ်ထပ်သုပ်ပြီး ၃ မိနစ်ခန့် ထပ်မံကင်ပေးရပါမယ်။ဒါဆိုရင်တော့ အနှစ်ရွဲရွဲလေးနဲ့ Juicy ဖြစ်ပြီး နှမ်းဆီးအနံ့လေးမွှေးနေတဲ့ ဝက်နံရိုးချိုချိုအီအီလေးကို ရရှိမှာပဲဖြစ်ပါတယ်။အားလုံးပြီးရင်တော့ကြိုက်နှစ်သက်ရာပန်းကန်လှလှလေးကိုပြောင်းထည့်ပြီး လှော်ထားတဲ့နှမ်း စေ့လေးဖြူးလိုက်မယ်ဆိုရင် စားချင်စဖွယ် ဝက်နံရိုးကင်လေးကိုသုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source : Asianfoodchannel