အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မနက်စာအဖြစ် စားသုံးနိုင်တဲ့ ကြက်ဥပေါင်မုန့်မီးကင် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ပေါင်မုန့် ၄ ချပ်
  • မိရောနိစ်အနည်းငယ်
  • ကြက်ဥ ၄ လုံး

  • ဆားအနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဝက်ပေါင်ခြောက်ကြော် အနည်းငယ်
  • အချောင်းလိုက် လှီးဖြတ်ထားသော ချိစ်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးတွင် ပျားရည်နှင့် ထောပတ်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

Oven ထဲထည့်မယ့် လင်ဗန်းပေါ်တွင် ဇကာတစ်ခု ခံထားပြီး ထိုဇကာပေါ်တွင် ပေါင်မုန့် လေးချပ်ကို အစီအရီ တင်ထားလိုက်ပါ။

ထိုပေါင်မုန့်ချပ် တစ်ချပ်ချင်းစီပေါ်တွင် စောစောက ပျားရည် ထောပတ်အရောအနှောကို အညီအမျှ သုတ်လိမ်းထားလိုက်ပါ။

၂။ မိရောနိစ်များကို အိတ်တစ်လုံးထဲထည့်ပြီးနောက် ပေါင်မုန့်၏ ဘေးပတ်ပတ်လည်တွင် ဘောင်ကွတ်ထားလိုက်ပါ။

ပေါင်မုန့်ချပ် တစ်ချပ်ချင်းစီပေါ်တွင် ကြက်ဥ တစ်လုံးစီ ဖောက်ထည့်လိုက်ပါ။ မိရောနိစ်ဖြင့် ဘောင်ကွတ်ထားတဲ့အတွက်ကြောင့် ကြက်ဥများ ဘေးပတ်သို့ စီးကျလာမှာကို စိုးရိမ်စရာမလိုပါဘူး။

၃။ ထို့နောက် ကြက်ဥပေါ်တွင် ဆားနှင့် ငရုတ်ကောင်းမှုန့်များ ဖြူးထည့်ပေးပါ။

၄။ ဝက်ပေါင်ခြောက်အနည်းငယ် ဖြူးထည့်ပါ။ ပြီးရင် ချိစ်အဖတ်လေးများ ဖြူးထည့်ပါ။

၅။ ပြီးရင်တော့ ပေါင်မုန့်လင်ဗန်းကို Oven ထဲထည့်ပြီး အပူချိန် ၅၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ၄ မိနစ်၊ ၅ မိနစ်ခန့် ထည့်ကင်ပေးလိုက်ပါ။

၆။ သတ်မှတ်ချိန်ပြည့်သွားပြီဆိုရင်တော့ Oven မီးကို ပိတ်လိုက်ပြီး မီးအရှိန်ဖြင့် နောက်ထပ် ၂ မိနစ်၊ ၃ မိနစ်ခန့် ဆက်လက်အပူပေးထားပါ။ ပြီးမှ Oven ထုတ်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥ ပေါင်မုန့်မီးကင်လေး ရရှိသွားပါပြီ။ မနက်စာအဖြစ် စားသုံးမယ်ဆိုရင်တော့ ခွန်အားပြည့်ဝမယ့် အစားအစာမျိုးပဲဖြစ်ပါတယ်။

Source : Seonkyounglongest.com