ကျန်းမာရေးကိုလည်း ဆိုးဆိုးရွားရွား မထိခိုက်စေချင်ဘူး အရသာလည်း ထူးကဲကောင်းမွန်တဲ့ ဖျော်ရည်တစ်ခုကို သောက်သုံးချင်သူများအတွက် မုန်လာဥနီကော့တေးပြုလုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မုန်လာဥနီများ ၂ ပေါင်ခန့် (အခွံများကို ဓားဖြင့် မွှန်းထားပြီးနောက် အတုံးသေးသေး တုံးထားပါ)
  • ရေ ၁ လီတာ
  • နို့ဆီဘူး ၁ ဘူး
  • သစ်ကြမ်းပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ရမ် အနည်းငယ် (မိမိကြိုက်နှစ်သက်ရာ တံဆိပ်အမျိုးစားကို အသုံးပြုနိုင်ပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အခွံခွာပြီး ရေဆေးသန့်စင်ထားပြီးသား မုန်လာဥနီ အတုံးသေးများကို သစ်သီးဖျော်စက်ထဲထည့်ပါ။ ထို့နောက် ရေ ၁ လီတာခန့်ထည့်ကာ မုန်လာဥနီအနှစ်များရလာအောင် ဖျော်လိုက်ပါ။

၂။ မုန်လာဥနီအရည်သန့်သန့်လေးပဲ လိုအပ်တဲ့အတွက်ကြောင့် မုန်လာဖတ်များကို ဖယ်ရှားရန် အဝတ်စသန့်သန့်တစ်ခုကို အသင့်ပြင်ထားပါ။ ထိုအဝတ်စအသန့်တစ်ခု ခံထားသော ပန်းကန်လုံးထဲသို့ မုန်လာနှစ်များ ထည့်ပါ။ ထို့နောက် ထိုအဝတ်စကို အားထည့်ပြီး ညှစ်လိုက်ပါ။

ဒါဆိုရင်တော့ အရည်သန့်သန့်လေး ရသွားပါပြီ။

၃။ စောစောကဖျော်ထားသော ဖျော်စက်ကို သန့်စင်အောင် ဆေးကြောလိုက်ပါ။ ထို့နောက် မုန်လာဖျော်ရည်၊ နို့ဆီ၊ သစ်ကြမ်းပိုးခေါက်၊ ဂျင်းနှင့် ရမ်တို့ထည့်ကာ သမအောင် ဖျော်လိုက်ပါ။

အားလုံးဖျော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ မုန်လာဥနီကော့တေးဖျော်ရည် ရရှိသွားပါပြီ။ ရေခဲတုံးများ ထည့်ကာ မိမိစိတ်တိုင်းကျ သောက်သုံးလိုက်ပါ။

Source: Africanbites.com