အားလုံးပဲ မင်္ဂလာပါ။ ကိတ်မုန့်စားချင်ပေမယ့် ဆေးသကြားများလွန်းပြီး ချိုရဲနေတဲ့ ကိတ်မုန့်မျိုးကို မစားချင်သူတွေအတွက် ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အချိုပွဲလေးကတော့ မုန်လာဥနီ ကော်ဖီကိတ်မုန့်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မုန်လာဥနီ ၂ လုံး
  • သကြား ၉၆ ဂရမ်
  • ထောပတ် ၆၄ ဂရမ် (အရည်ဖျော်ထားပါ)
  • ကြက်ဥ ၂ လုံး
  • ဂျုံမှုန့် ၁၂၈ ဂရမ်

  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သစ်ကြမ်းပိုးခေါက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆားအနည်းငယ်

ကော်ဖီအမှုန့်ကဲ့သို့ အလှဆင်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း (အရည်ဖျော်ထားပါ)
  • ဂျုံမှုန့် ၆၄ ဂရမ်
  • သကြားညို ၆၄ ဂရမ်
  • သစ်ကြမ်းပိုးခေါက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆားအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖြင့် ကြိုတင်အပူပေးထားပါ။ မုန်လာဥနီကို အခွံခွာပြီးနောက် အစားအစာများ ကြိတ်သည့်စက် (Food Processor) ထဲတွင် မုန်လာဥနီအမှုန့်များရအောင် ကြိတ်ပေးလိုက်ပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် သကြား ၉၆ ဂရမ်၊ အရည်ဖျော်ထားသော ထောပတ် ၆၄ ဂရမ်နှင့် ကြက်ဥတို့ထည့်ကာ သမအောင် မွှေခလောက်ပေးလိုက်ပါ။ မုန်လာဥနီအမှုန့်များ ထည့်ကာ သမအောင် မွှေပါ။ ထို့နောက် ဂျုံမှုန့်၊ မုန့်ဖုတ်ဆိုဒါနှင့် သစ်ကြမ်းပိုးခေါက်တို့ထည့်ကာ အနှစ်ဖြစ်သွားအောင် မွှေပေးလိုက်ပါ။

၃။ ကော်ဖီအမှုန့်ပြုလုပ်ဖို့ရန်အတွက် ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း၊ ဂျုံမှုန့် ၆၄ ဂရမ်၊ သကြားညို ၆၄ ဂရမ်၊ သစ်ကြမ်းပိုးခေါက် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဆားအနည်းငယ်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၄။ မုန်လာအနှစ်များကို ကိတ်မုန့်ဖုတ်မယ့် အိုးထဲထည့်ပေးလိုက်ပါ။ ထို့နောက် ကော်ဖီမှုန့်များကို ထိုအပေါ်မှ လောင်းထည့်ကာ မျက်နှာပြင်ညီညာဖို့ရန်အတွက် ဇွန်းဖြင့် ညှိပေးလိုက်ပါ။ ထို့နောက် Oven ထဲတွင် မိနစ် ၃၀ ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

သတ်မှတ်ထားတဲ့အချိန်ပြည့်သွားတဲ့အခါမှာတော့ အချိုပွဲအဖြစ် သုံးဆောင်နိုင်တဲ့ မုန်လာဥနီ ကော်ဖီကိတ်မုန့်ကို ရရှိသွားပါပြီ။ ပျားရည်အနည်းငယ် ဆမ်းထည့်ကာ အရသာရှိရှိသုံးဆောင်လိုက်ပါ။

Source: Pinchofyum.com