အားလုံးပဲ မင်္ဂလာပါ။ မိမိအိမ်မှာ ကွတ်ကီးကို ကိုယ်တိုင်ကိုယ်ကျ လုပ်စားချင်သူများအတွက် လိမ္မော်အရသာ မုန်လာဥနီ ကွတ်ကီး ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သကြား စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ကြက်ဥ ၁ လုံး
  • မုန်လာဥနီ ပန်းကန်လုံး ၁ လုံးစာ (ပြုတ်ထားပြီး ညှက်အောင် ကြိတ်ထားပါ)
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၃၂ ဇွန်း

  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နွားနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း

လိမ္မော်ရည် ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ

  • လိမ္မော်ရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • လိမ္မော်ခွံ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂၀ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး ကွတ်ကီးပြုလုပ်ရန်အတွက် Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ နွားနို့ကို လျှပ်စစ်မွှေစက်ဖြင့် မွှေပြီးနောက် သကြားဖြည်းဖြည်းချင်းစီထည့်ကာ ခရင်မ်များ ဖြစ်သွားအောင် မွှေပါ။

၃။ ထို့နောက် ကြက်ဥ၊ မုန်လာဥနီ၊ ဗနီလာတို့ ထပ်ပေါင်းထည့်ကာ သမအောင် ထပ်မွှေပါ။

၄။ ဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါနှင့် ဆားတို့ကို ဆန်ခါဖြင့် စစ်ယူပြီးနောက် မုန်လာဥနီမုန့်နှစ်ထဲ ပေါင်းထည့်ကာ သမအောင် ထပ်မွှေပါ။

၅။ ရရှိလာတဲ့ မုန့်နှစ်ကို စားပွဲတင်ဇွန်း ၁ ဇွန်းအပြည့် ခပ်ယူပြီးနောက် ဆီသုတ်ထားသော မုန့်ဖုတ်လင်ဗန်းထဲ တင်ထားလိုက်ပါ။ ထို့နောက် Oven ထဲတွင် မိနစ် ၂၀ ခန့် ထည့်ဖုတ်လိုက်ပါ။

၆။ နောက်တစ်ဆင့်အနေနဲ့ လိမ္မော်ရည် ပြုလုပ်ရပါမယ်။

အရင်ဦးဆုံး လိမ္မော်ရည်ကို ထောပတ်နဲ့ သမအောင် ရောမွှေပါ။

၇။ သကြားထည့်ကာ မိမိလိုချင်တဲ့ လိမ္မော်ရည် အပျစ်အကျဲပမာဏ ရရှိသွားသည်အထိ မွှေပေးရပါမယ်။

၈။ ထို့နောက် လိမ္မော်ရည်များကို မုန်လာဥနီကွတ်ကီးများပေါ်သို့ ဆမ်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ လိမ္မော်အရသာ မုန်လာဥနီ ကွတ်ကီးလေးများ ရရှိသွားပါပြီ။

Source: Thespruceeats.com