ပူတင်းကြိုက်သူများအတွက် ဒီတစ်ခါမှာတော့ အာဟာရှိပြီး အရသာလည်းရှိတဲ့ မုန်လာဥနီပူတင်း ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

စတင်ပြုလုပ်ဖို့ မုန်လာဥနီ ၃ လုံးကို အချပ်သေးသေးလေးတွေဖြစ်အောင် လှီးပြီး အိုးထဲထည့်ပါ။ အိုးထဲကို ကျိုပြီးသား နွားနို့ – ၂ ခွက်ထည့်ပြီး ဆား – အနည်းငယ်ထည့်ပါ။ ပြီးရင်တော့ မီးဖိုမီးဖွင့်ပြီး တည်ထားပါ။

ပွက်ပွက်ဆူလာရင် မွှေနေပေးပါ။ ခဏနေရင် မြေပဲ – စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပြီး မွှေပေးပါ။ မုန်လာဥတွေနူးပြီဆိုရင် မီးပိတ်ပြီး အအေးခံံထားပါ။

အေးသွားပြီဆိုရင် ကြိတ်စက် (သို့) Blender ထဲထည့်ကြိတ်ပါမယ်။

ရပြီဆိုရင် အိုးထဲပြန်ပြောင်းထည့်ပြီး မီးဖိုမီးဖွင့်တည်ပါ။ သကြား – ခွက်တစ်ဝက်စာ၊ နို့မှုန့် – ခွက်တစ်ဝက်စာ ထည့်မွှေပါ။ အာဂါးအာဂါးပေါင်ဒါမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ ထည့်မွှေပေးပါ။ သေချာမွှေပေးပြီး ပွက်လာပြီဆိုရင်တော့ ထောပတ်ရည် – စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်မွှေပါ။

ကြာကြာမွှေပေးပြီးပြီဆိုရင်တော့ ဘူးထဲပြောင်းထည့်ပြီး ၃ နာရီလောက် ထားထားလိုက်ပါ။

အချိန်ပြည့်ရင် ပန်းကန်ပြားထဲမှောက်ချပြီး ဓားနဲ့လှီးကာ စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ အာဟာရရှိပြီး အရသာလည်းရှိတဲ့ မုန်လာဥနီပူတင်းကို ရရှိသွားပါပြီ။

Source: www.eatsspice