မုန့်ဟင်းခါးဆို ဘယ်လို ချက်နည်းနှင့်ပဲ ချက်ချက် ရိုးတယ်မရှိပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် အားပေးတတ် ကျသော မုန့်ဟင်းခါးကို ဖန်တီးမှု အသစ်အဆန်း မဟုတ်ပေမဲ့ စည့်ရဲ့ ချက်နည်းလေးဖြင့် ပြန်လည် မျှဝေ ထားပါတယ်။
ပါဝင်ပစ္စည်းများ
- မုန့်ဖတ် ၁ ပိသာ
I. အနှစ်လုပ်၇န်
- ကြက်သွန်နီ ဥကြီး – ၂ လုံး (အခွံခွာ၊ လှီးထားပါ)
- ကြက်သွန်ဖြူ – ၁ ဥ (အခံခွာပြီး၊ လှီးထားပါ)
- ချင်းတက် လက် – ၂ ဆစ်လောက်(အခွံခွာပြီး ပါးပါးလှီးထားပါ)
- အရောင်တင်မှုန့် – ၂ ဇွန်းစားပွဲဇွန်း
II. ငါးပြုတ်ရန်ပါဝင်ပစ္စည်း
- ငါးခူ – ၃၀ ကျပ်သား (ဆားကြမ်းဖြင့်ရေဆေးထားပါ)
- ငံပြာရည် – ၁ ဇွန်း စားပွဲဇွန်း
- ငရုတ်ကောင်းစေ့ – တစ်ဝက် ဇွန်း လက်ဖက်ဇွန်း
- စပါးလင် – ၂ ချောင်း (ထုပြီး ထုံးထားပါ)
- နနွင်းမှုန့် – အနည်းငယ်
- စပါးလင် အရည် – ၂ ဇွန်း လက်ဖက်ဇွန်း
- ချင်းရည် – တစ်ဝက်ဇွန်း လက်ဖက်ဇွန်း
III. မုန့်ဟင်းခါးရည်ချက်ရန် ပါဝင်ပစ္စည်းများ
- နနွင်းမှုန့် – ၁/၄ ပုံ (လက်ဖက်ဇွန်း)
- ငရုတ်ကောင်းမှုန့် – ၂ ဇွန်း (လက်ဖက်ဇွန်း)
- ငံပြာရည် – ၂ ဇွန်း (စားပွဲဇွန်း)
- အသီးအရွက်ဆီ – ၇ ဇွန်း (စားပွဲဇွန်း)
- ငါးပြုတ်ရည် – ၂ လီတာ
- စပါးလင် – ၃ ချောင်း (ထက်ခြမ်းခြမ်းပြီး ထုံးထားပါ)
- ဌက်ပျောအူ – ၂ ခွက် (ခတ်ပါးပါးလှီးထားပါ၊ နနွင်းအနည်းဖြင့် ပြုတ်ထားပါ)
- ကြက်သွန်ဥနီ အသေး – ၁၀ လုံး (အလုံးလိုက် အခွံခွာ ထည့်ပါ)
- အိမ်လှော် ဆန်မှုန့် ခွက် – တစ်ဝက် (ဟင်းချက်ရန်တိုင်းသောခွက်၊ ရေဖြင့်ဖျော်ထားပါ)
- ဆား – ၂ ဇွန်း (လက်ဖက်ဇွန်း)
- ကြက်ဥ – ၂ လုံး (ခလောက်ထားပါ)
IV. မုန့်ဟင်းခါးနှင့် တွဲစား၇န်
- ကြက်ဥပြုတ် – ၆ လုံး (အခွံခွာပြီး ကြက်ဥလှီးဓားဖြင့် အကွင်းလေး လှီးထားပါ)
- နံနံပင် – ၈ ပင် (အနေတော်လေးတွေလှီးထားပါ
- ပဲသီးရှည် – ၁ စီး (ပါးပါးသေးသေး လေးလှီးထားပါ)
- ငရုတ်သီး အကြမ်းမှုန့် – လိုသလောက် (လှော်ပြီးသား)
- ပဲကြော် – ၁၀ ခု (စားခံနည်းမှ လိုသလောက် ချေစားပါ)
- အိမ်လုပ် ကြက်သွန်ဖြူ ဆီချက် – လိုသလောက် (မုန့်ဟင်းခါးထဲ ထည့်စားပါ)
- ငါးဖယ် ကြော်ပြီးသား – ၁၀ ခု (ခတ်ပါးပါးလေးတွေ လှီးထားပါ)
- သံပုရာသီး – ၃ လုံး (စိတ်ထားပါ)
V. ပြုလုပ်နည်း
- အနှစ်လုပ်ရန် ပါဝင်ပစ္စည်းများအား ကြိတ်စက်ထဲ မှုန့်ညက်နေအောင် ကြိတ်ပါ။
- အိုး အကြီးထဲ ငါးပြုတ်ရန် ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး ငါးမြုပ်အောင် ရေထည့်ပြီး ဆူအောင် ပြုတ်ထားပါ။ ရေဆူလျှင်ရပါပြီ။ ငါး အသားများ အရမ်းနူးအိအောင် မပြုတ်ရင် ပိုကောင်းပါတယ်။ မီးဖိုပေါ်မှ ချပြီး အအေးခံ ထားပါ။ ငါးအသားများ နွင်ထားပါ။ အရေစစ် ယူထားပါ။
- မကပ်သော ဒယ်အိုး အကြီးထဲ ဆီထည့်ပြီး အပူပေးထားပါ။ အနှစ်လုပ်ရန် ကြိတ်ထားသော ငရုတ်၊ ကြက်သွန်အနှစ် နှင့် နနွင်းမှုန့် ထည့်ပြီး ၅ မိနစ်လောက် ဆီသတ်ပါ။
- ဆီသတ် အိုးထဲ စပါးလင်၊ ငါးအသား၊ ငရုတ်ကောင်း၊ ငါးငံပြာရည် များထည့်ပြီး ၁၀ မိနစ်လောက် ထပ်ပြီး ဆီသတ်ပါ။
- ငါးပြုတ်ရည်၊ ဌက်ပျောအူ များထည့်ပြီး ဆူပွတ်အောင် တည်ပါ။ ဆူပွတ် လာလျင် မီးလျှော့ပြီး ဆူရုံလေး ၂း၃၀ -၃ နာရီလောက် တည်ထားပါ။
- ရေလိုလျင် ထပ်ထည့်ပါ။ (ငါးပြုတ်ရည်ကို ပဲထပ် ထည့်လို့ ရပါတယ်။)၊ ကြက်သွန်ဥနီသေးလေး၊ ဆန်မှုန့်ရည် များထည့်ပြီး ဆူပွတ်လာအောင် ထပ်တည်ပါ။ မကြာခဏဆိုသလို မွှေပေးပါ။ အိုးအောက်ဖက် မကပ်အောင် မွှေပေးပါ။ မုန့်ဟင်းခါးရည် ချက်ရန် ကျန်ပါဝင် ပစ္စည်းများ ထည့်ပြီး နှံ့အောင် သေချာမွှေပါ။ ပွတ်ပွတ်ဆူ လာလျင် ဆားမြည်းပါ။ လိုတာ ကိုယ့်စိတ်ကြိုက် ထပ်ဖြည့် နိုင်ပါသည်။ ပူပူလေး သုံးဆောင်ပါ။
- သုံးဆောင်ရန် ပုကန်ထဲ မုန့်ဖတ်ကို လိုသလောက် ထည့်ပြီး မုန့်ဟင်းခါးဖြင့် တွဲစားရန် ပစ္စည်းများ ကိုယ့်စိတ်တိုင်းကျ ကိုယ်ကြိုက်သော ပစ္စည်းများ ထည့်ပြီး ဟင်းရည်ကို လိုသလောက် ထည့်ပြီး ပူပူလေး ချက်ချင်း သုံးဆောင်ပါ။